Stay Home ကာလ တစ်နေ့တာ ဖြတ်သန်းမှုတွေကို ပြောပြလာပါတယ်။

ပရိသတ်အားပေးမှုရရှိထားတဲ့ အဆိုတော် ဆိုတေးကတော့ COVID-19 ကာလမှာ သီချင်းအသစ်တွေ ဖန်တီးနေတယ်လို့ ဆိုပါတယ်။

Photo: So Tay



ဆိုတေးကတော့ COVID-19 ကာလမှာ အိမ်မှာနေရင်း သီချင်းအသစ်လေးတွေ ဖန်တီးနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သီချင်းလေးတွေကိုလည်း အားလပ်ချိန်တွေမှာ ပြန်နားထောင်နေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။  

“ အခုချိန်မှာ သီချင်းတွေရေးတယ်၊ ညီအစ်ကို နှစ်ယောက် သီချင်းတွေ ဆိုတယ်။ အခုချိန်က ဆိုစရာ Show ပွဲလည်း မရှိဘူးလေ။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို အဆိုတော် တစ်ယောက်ဖြစ်တဲ့အတွက် အားတဲ့ အချိန်မှာ အဓိက သီချင်းတွေ ရေးတယ်။ သီချင်းတွေ နားထောင်တယ်၊ ပြီးရင် ကိုယ် အရင်တုန်းက ဆိုခဲ့တဲ့ သီချင်းလေးတွေကို ပြန်နားထောင်တယ်။ ပြီးတော့ ကျွန်တော့် ကျန်းမာရေးက အားလုံး သိပြီးသားအတိုင်းပါပဲ။” လို့ သူကဆိုပါတယ်။ 

Photo: So Tay

ဂီတဖျော်ဖြေပွဲတွေ မရှိတာကြောင့် Stay Home ကာလမှာ အားကစားတွေလည်း လုပ်ဖြစ်နေတယ်လို့ ဆိုတေးက ဆက်လက် ပြောပြလာပါတယ်။ 

“ အရင်ကလို အပြင်တွေ သွားနေရတာ မဟုတ်တော့ အိမ်မှာနေရင်း စားလိုက် အိပ်လိုက်နဲ့တင် ဗိုက်က ပူလာပြီ။ အဲဒီအတွက် အမေကလည်း လေ့ကျင့်ခန်းတွေ လုပ်ခိုင်းတယ်။ Gym လည်း သွားဆော့တယ်။ ဒါတွေကလည်း ကိုယ့်အတွက်ပါပဲ။ အားကစား ပိုလုပ်ဖြစ်တယ်။ ကိုယ်မလုပ်နိုင်တာဆိုလို့ ကျွန်တော်က ခြေထောက် သိပ်မကောင်းတဲ့အတွက် ဘောလုံးတော့ မကန်နိုင်ဘူးပေါ့ဗျာ” လို့ သူက ဆိုပါတယ်။ 

Photo: So Tay

ဆိုတေးကိုတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘’မီးအိမ်ရှင်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေ ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့တာဖြစ်ပါတယ်။ လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့်လည်း အများကြီး အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’မင်္ဂလာပါ’’ အခွေကိုတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အက်ဆီးဒင့်ဖြစ်ခဲ့တာကြောင့် ဂီတလောကနဲ့ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာတာ ဖြစ်ပြီး ဂီတအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတာ တွေ့ရပါတယ်။ တတိယမြောက် တစ်ကိုယ်တော် အခွေ ထွက်နိုင်ဖို့လည်း ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က