ရိုက်ကူးနေရင်း ရပ်နားထားရတဲ့ ဇာတ်ကားတွေ ရှိတယ်။
Sabal Thwin

မြတ်နိုးအေးကတော့ COVID-19 ကာလမှာ ရိုက်လက်စ ဇာတ်ကားတွေ ရပ်နားထားတာ ကြောင့် အိမ်မှာ နေရတဲ့ အချိန်မှာ တစ်နေ့တာ ဖြတ်သန်းမှုလေးတွေ အကြောင်းပြောပြလာပါတယ်။ 

Photo: Myat Noe Aye

သရုပ်ဆောင် မြတ်နိုးအေးကတော့ COVID-19 ကာလမှာ ဇာတ်ကားရိုက်တာတွေ ရပ်ထားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Stay Home ကာလမှာ အလုပ်နဲ့ ပတ်သက်တဲ့အရာလေးတွေ လေ့ကျင့်နေတယ်လို့ Duwun ကို ပြောပြလာပါတယ်။ 

“ Stay Home ကာလမှာဆိုရင် မလုပ်လိုက်ရတာတွေ အများကြီးပဲ အခုရိုက်နေတဲ့ ‘ Yangon In Love’ ဆိုရင် Covid ဖြစ်သွားတယ် ဆိုတော့ မရိုက်ရတော့ဘူး။ ပြီးတော့ '‘လိပ်ပြာ" ဇာတ်လမ်းတွဲ မရိုက်လိုက်ရဘူး။ အခုတော့ အိမ်မှာပဲ ဇာတ်ညွှန်းတွေ ဖတ်တယ်၊ ကာရိုက်တာတွေ လေ့ကျင့်ဖြစ်တယ်”လို့ သူကဆိုပါတယ်။ 

Photo: Myat Noe Aye

မြတ်နိုးအေး ကတော့ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် အတွေ့အကြုံမများသေးတဲ့ အနုပညာရှင်တစ် ယောက်လို့ ဆိုရမှာပါ။ သူမအတွက် အခက်အခဲ ရှိတဲ့ အရာတွေကိုလည်း အခုလို ပြောပြလာပါသေးတယ်။ 

“ ကိုယ်အနုပညာအလုပ်တွေ လုပ်တဲ့အချိန်မှာ အခက်အခဲ အများကြီးတော့ မရှိခဲ့ပါဘူး။ အိမ်ကလည်း Supporting အရမ်းလုပ်ပေးတယ်။ ကိုယ်နဲ့ အလုပ် အတူတွဲလုပ်ရတဲ့ စီနီယာတွေကလည်း အမြဲတမ်း လက်တွဲခေါ်ပေးကြတဲ့အတွက် ထွေထွေထူးထူး မရှိပါဘူး။ ညီမအတွက် ခက်ခဲမှုတစ်ခုကတော့ dialogue တွေ ပြောရတဲ့အခါမှာ ကိုယ်က ဘိတ်သူဖြစ်တဲ့အတွက် စကားပြောတာလေးတွေကတော့ အခက်အခဲရှိတယ်” လို့ ဆိုပါတယ်။ 

Photo: Myat Noe Aye

COVID-19 ကာလပြီးသွားရင်တော့ မြတ်နိုးအေးက အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ ရိုက်လက်စ ဇာတ်ကားတွေ လည်းရှိသေးတယ်လို့ သူက ပြောပါတယ်။ 

“ ဒီနှစ်ထဲမှာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားနဲ့ ဇာတ်လမ်းတွဲ (၂) ခုထွက်ဖို့ရှိပါတယ်။ ‘ ရင်ခုန်သံ ၇၄’ ဇာတ်လမ်းတွဲ ထွက်ရင် အားပေးကြပါ။ ပြီးတော့ ‘ Yangon In Love’ ရုပ်ရှင်ကားကြီးကိုလည်း Covid ပြီးရင် ပြန်ရိုက်ပါမယ်။ ‘ လိပ်ပြာ(Season-2)’ ကိုလည်း ပြန်ရိုက်မှာ မို့လို့ အားပေးကြပါဦးလို့လည်း မှာချင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Myat Noe Aye

မြတ်နိုးအေးကိုတော့ “ည” ရုပ်ရှင်ဇာတ်ကား ကနေ စတင်ပြီး ပရိသတ်တွေ အားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားရုံတင်ပြီးတဲ့နောက်မှာလည်း ပရိသတ်တွေရဲ့ အချစ်ကို ပိုမို ပိုင်ဆိုင်လာခဲ့သူဖြစ်ပါတယ်။ ရိုက်ကူးလက်စဖြစ်နေတဲ့ " လိပ်ပြာ (Season-2)" မှာတော့ သူမကို မှုခင်းဆရာဝန်မလေး တစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။ မြတ်နိုးအေးဟာ တက်သစ်စ လူငယ်အနုပညာရှင်တွေ ထဲမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က