ကာတွန်းကားလေးတွေ ပိုကြည့်ဖြစ်တယ်။

ပိုင်တံခွန်ဟာ Covid ကာလမှာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ အရာလေးတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Paing Takon



ပိုင်တံခွန်ကတော့ အနုပညာအလုပ်တွေ ရပ်နားနေရတဲ့ ကာလဖြစ်လို့ သူ့ရဲ့ အနုပညာဝမ်းစာပြည့်ဖို့ ဇာတ်ကားတွေ ကြည့်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ကာတွန်းကားထဲက လှုပ်ရှားမှုလေးတွေကို ပိုသဘောကျတာကြောင့် ကာတွန်းကားလေးတွေ ကြည့်တာများတယ်လို့ Duwun ကို ပြောပြလာပါတယ်။ 

“ ကျွန်တော် Covid ကာလမှာ သရုပ်ဆောင် အနေနဲ့ ဝမ်းစာဖြည့်တဲ့အရာက ကာတွန်းကားလေးတွေ ပိုကြည့်ဖြစ်တယ်။ ကျွန်တော်က ကာတွန်းကားပိုကြိုက်တယ်။ avengers ဇာတ်ကားတွေ ကြည့်တယ်။ ကာတွန်းကားထဲမှာ ကာတွန်းဇာတ်ကောင်လေးတွေရဲ့ လှုပ်ရှားမှုလေးတွေက ပိုပြီးတော့ အသက်ဝင်တယ်။ ဥပမာ ကြောင်နဲ့ ကြွက်လိုပေါ့။ စိတ်ဆိုးရင်လည်း စိတ်ဆိုးတဲ့ အမူအရာလေးတွေ ကြိုက်တယ်”လို့ သူကဆိုပါတယ်။ 

Photo: Paing Takon

Covid ကာလမှာ ဇာတ်ကားတွေ ကြည့်တဲ့ အပြင် တစ်နေ့တာ ဖြတ်သန်းမှုတွေကို သူချစ်ရတဲ့ တိရစ္ဆာန်လေးတွေနဲ့လည်း အတူတူ ဆော့ကစားရင်း အချိန်ကုန်ခဲ့တာတွေလည်း ရှိသေးတယ်လို့ ပိုင်တံခွန်က ပြောပါတယ်။ 

“ကျွန်တော့်ရဲ့ တစ်နေ့တာလုံးကိုလည်း အိမ်မွေး တိရစ္ဆာန်လေးတွေနဲ့ ကုန်ဆုံးဖြစ်တာ များတယ်။ ကိုယ်အလုပ်မရှိရင် ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တာကို ဦးစားပေးလုပ်တယ်၊ ဘာသာရေး အလုပ်တွေ လုပ်တယ်၊ ကိုယ်မွေးထားတဲ့ သားသမီးလေးတွေနဲ့ ပျော်ပျော်နေတယ်။ တစ်ခါတလေကျရင် အမေ နဲ့ အဖေ့ဆီကို သွားလည်တယ်” လို့ Bella ရေမွှေးအသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Paing Takon

ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ "ချစ်သူ" ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က