၂၀၂၁ ခုနှစ် အစပိုင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အိမ့်ချစ်ဟာ သူမရဲ့ မင်္ဂလာပွဲကို မြန်မာနိုင်ငံမှာပဲကျင်းပပြုလုပ်သွားမယ့် အကြောင်း ပြောပြလာပါတယ်။ 

Photo: Eaint chit



အဆိုတော် အိမ့်ချစ်ကတော့ သူမရဲ့ မင်္ဂလာပွဲအစီအစဉ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ချစ်သူက ပြည်ပမှာ နေထိုင်ပေမယ့်လည်း မင်္ဂလာပွဲကို မြန်မာနိုင်ငံမှာ ကျင်းပသွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“မင်္ဂလာပွဲမှာ ကိုယ်တိုင်လည်း ချစ်ခင်လေးစားရတယ်၊ မင်္ဂလာသက်တမ်းလည်း ကြာပြီဖြစ်တဲ့ စုံတွဲတွေရယ်၊ နှစ်ဖက်အသိုင်းအဝိုင်းရယ်နဲ့ မင်္ဂလာပွဲကျင်းပမှာပါ။ နိုင်ငံခြားမှာ မလုပ်ပါဘူး။ အဲဒီမှာက သူ့ဘာသာသူ တစ်ယောက်တည်း အလုပ်လုပ်တာလေ။ မိသားစုနဲ့နေတာလည်း မဟုတ်ဘူး။ မင်္ဂလာပွဲကို မြန်မာနိုင်ငံမှာပဲ လုပ်မှာပါ။ လောလောဆယ်တော့ စေ့စပ်ပွဲလေးအရင်လုပ်ဖြစ်မယ်” လို့ သူကဆိုပါတယ်။ 

Photo: Eaint chit

အိမ့်ချစ်ဟာ သူမရဲ့ မင်္ဂလာပွဲကို အရမ်းခမ်းခမ်းနားနားကျင်းပသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူမကိုယ်တိုင် စိတ်ကူးထားတဲ့ မင်္ဂလာပွဲလေးရှိတဲ့အကြောင်းကိုလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က Essence ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

“ မင်္ဂလာဆွမ်းကျွေးလုပ်မယ်၊ Dinner လုပ်မယ်။ အဲဒီလောက်ပါပဲ။ အများကြီးတော့ မဖြုန်းတော့ဘူး။ အိမ့်ချစ်ကလေ မင်္ဂလာဆောင်အတွက် ပိုက်ဆံဖြုန်းရတာကို တော်တော် နှမြောတဲ့သူတစ်ယောက်။ မင်္ဂလာဆောင်မယ့် ပိုက်ဆံတွေကို ကား ကောင်းကောင်းဝယ်စီးချင်တယ်၊ အိမ်ကောင်းကောင်းမှာ နေချင်တယ်ပေါ့။ တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်ချင်းလည်း မတူဘူးလေ။ သူကလည်းပြောတယ် မိန်းကလေးတစ်ယောက်အနေနဲ့ ကံကောင်းတယ်ဆိုတဲ့အရာလေးတွေကိုတော့ ခံစားစေချင်တယ်ပေါ့နော်။”

Photo: Eaint chit

အိမ့်ချစ်ကတော့ သူမရဲ့ ချစ်သူကို ဖေဖော်ဝါရီလ ၅ ရက်နေ့က စပြီး ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနေ့ကလည်း သူမကို လက်ထပ်ခွင့်တောင်းတဲ့နေ့ အမှတ်တရ ဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာတော့ အရမ်းကို အားကျခဲ့ရတဲ့ စုံတွဲတစ်တွဲဖြစ်ခဲ့ပါတယ်။ သူမရဲ့ စေ့စပ်ပွဲကိုတော့ ၂၀၂၀ ခုနှစ်ထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး လက်ထပ်ပွဲကို ၂၀၂၁ ရဲ့ နှစ်အစပိုင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့လည်း Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: Eaint chit

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လ အတွင်းကလည်း သူမရဲ့ဖခင် ဦးချစ်ကောင်းရယ်၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲ လုပ်ခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က