Covid ကာလမှာ မပြေလည်ပါဘူး။
Sabal Thwin

ကောင်းကျော်ကတော့ Covid စဖြစ်ကတည်းက ရပ်နားခဲ့ရတဲ့ အနုပညာအလုပ်တွေ ပြန်လုပ်ချင်နေပြီလို့ဆိုပါတယ်။

Photo: Kaung Kyaw

ဟာသလူရွှင်တော်၊ သရုပ်ဆောင် ကောင်းကျော်ကတော့Covid ကာလကြောင့် ရပ်နားခဲ့ရတဲ့ အနုပညာ အလုပ်တွေ ပြန်လုပ်ချင်နေပြီလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ Covid ကာလပြီးရင်တော့ အနုပညာအလုပ်တွေ ပြန်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မယ့် လမ်းတွေ ပြန်ဖွင့်ပေးရင် အလုပ်တွေ ပြန်လုပ်ရမယ်ပေါ့။ ကိုယ်တွေကလည်း ဒါတွေပဲ လုပ်တတ်တာလေ။ ပရိသတ်တွေကိုလည်း အရမ်းသတိရတယ်။ အမြဲတမ်း အငြိမ့် ၊ ဟာသတွေနဲ့ ဖျော်ဖြေနေကြဆိုတော့ အရမ်း ဖျော်ဖြေချင်နေပါပြီ။ ပရိသတ်တွေလည်း ကျန်းမာရေး ဂရုစိုက်ကြပါ။ စီးပွားရေးတွေလည်း အဆင်ပြေကြပါစေ။ ဒီကပ်ကြီးကနေ ကျော်လွှားပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Kaung Kyaw

COVID-19 ရောဂါပိုး စဖြစ်ကတည်းက ဇာတ်ပွဲတွေလည်း မက ရ၊ ဇာတ်ကားတွေလည်း မရိုက်ရတော့ဘူးလို့ ကောင်းကျော်က ပြောပါတယ်။ မိသားစု စားဝတ်နေရေးလည်း မပြေလည်ပါဘူးတဲ့။  

“ အခုဆိုရင် Covid ကာလက ၃ လကျော်လို့ ၄ လလောက် ထဲကို ရောက်လာပြီ။ ၃ လပိုင်း လဆန်း လောက်ကတည်းက အလုပ်တွေ မလုပ်ရတော့တာ။ ပွဲတွေ မရှိတော့ ငုတ်တုတ်မေ့ကြတာပေါ့လေ။ မိသားစု စားဝတ်နေရေးလည်း ပြေလည်ချင်ယောင်ဆောင်ရတာပေါ့လေ။ တကယ်တော့လည်း ဘယ် ပြေလည်မလဲပေါ့နော်” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။

Photo: Kaung Kyaw

ကောင်းကျော်ကိုတော့ လူရွှင်တော် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်ခဲ့သူပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း(၂၀)ခန့်ရှိပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း သဘင်အစည်းအရုံးရဲ့ ပြန်ကြားရေး တာဝန်ယူထားရတယ်လို့လည်း သိရပါတယ်။ 




Author


က္က