အလုပ်တွေများနေတော့ သွားမတွေ့နိုင်သေးဘူး။

တက္ကသိုလ်ဂွမ်းပုံကတော့ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဗေလုဝ အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ 

Photo: Goon Sein



ဇာတ်ပို့သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံလေးကတော့ ဗေလုဝရဲ့ ကျန်းမာရေးသတင်းကို ကြားကတည်းက သွားရောက်အားပေးစကားပြောချင်ပေမယ့် အခွင့်အရေးမရသေးဘူးလို့ ဆိုပါတယ်။ ဗေလုဝကိုလည်း အနုပညာအလုပ်တွေ ပြန်လုပ်စေချင်တဲ့ သူမရဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ 

“ အစ်မလည်း နယ်ရိုက်ကူးရေးတွေ များနေတော့ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဦးဗေ ကို သွားမကြည့်နိုင်သေးတာ စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ့် သူ့ကျန်းမာရေးကို စုံစမ်းနေတဲ့အချိန်မှာ ပြန်လည်းကောင်းနေပြီ၊ စကားတွေလည်း ပြန်ပြောနိုင်ပြီဆိုတော့ အချိန်တိုအတွင်းမှာ နေပြန်ကောင်းပြီးတော့ အနုပညာအလုပ်တွေ ပြန်လုပ်နိုင်မယ်လို့ မဂွမ်းယုံကြည်ပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ခိုင်ဒီ ဖက်ရှင်ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Goon Sein

တက္ကသိုလ်ဂွမ်းပုံရဲ့ အနုပညာသက်တမ်းကတော့ ၂၅ နှစ်ကျော်လာပြီဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်ကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်သလို၊ အနုပညာ မောင်နှမတွေအပေါ်မှာလည်း အမြဲစေတနာ ထားတတ်တဲ့သူလို့ သိရပါတယ်။ အခုချိန်ထိလည်း တက္ကသိုလ်ဂွမ်းပုံလေးဟာ အဓိက ဇာတ်ပို့သရုပ်ဆောင်အဖြစ် ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူဆိုရင်လည်း မမှားပါဘူး။ 

Photo: Goon Sein

လက်ရှိမှာတော့ ကျန်းမာရေး ချို့တဲ့လွန်းတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေ အများကြီးရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဇာတ်ပို့ မောင်နှမတွေကို ကျန်းမာရေး ဗဟုသုတတွေ တိုးစေချင်တယ်လို့ တက္ကသိုလ်ဂွမ်းပုံက ပြောပါတယ်။ 

“ မဂွမ်းက ဇာတ်ပို့တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဇာတ်ပို့တွေ အားလုံးကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတတွေရှိစေချင်တယ်။ အခုခေတ်က အဆင်သင့်စားလို့ရတဲ့ အစားအစာတွေ၊ အရက်သေစာ သောက်စားမှုတွေ၊ ကွမ်းစားတာတွေ များလာကြတယ်။ ဒါကြောင့် ကွမ်းတွေ၊ ဆေးလိပ်တွေ၊ အရက်တွေကို လျှော့နိုင်သမျှလျှော့စေချင်တယ်။ ဒါကြောင့် ကျန်းမာရေးမကောင်းတဲ့ ဇာတ်ပို့တွေကို မြန်မြန်နေကောင်းပြီး အလုပ်တွေ ပြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Goon Sein

ဂွမ်းပုံလေးရဲ့ အနုပညာသက်တမ်းကတော့ အရမ်းကို ကြာနေပါပြီ။ ရုပ်ရှင်ဇာတ်ကား အဖြူအမည်း ခေတ်ကတည်းက အနုပညာအလုပ်ကို ဆောင်ရွက်လာတဲ့သူဖြစ်ပါတာ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု အဖြစ် "ဤအရာကိုအချစ်ဟုခေါ်သလား" ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က