တံတွေးနဲ့လာထွေးတာခံရဖူးတယ်တဲ့။
Ei Ei Myat

ဝေဖန်တိုက်ခိုက်မှုတွေ မျိုးစုံခံရဖူးသလို တံတွေးနဲ့လာထွေးတာတောင် ခံရဖူးတယ်လို့ ဆိုပါတယ်။ ဒါတောင် သူမက လူတွေရဲ့ ကံ့ရဲ့မှုတွေကို ဂရုစိုက်တတ်သူမဟုတ်ဘူးနော်။

Photo : ချမ်းချမ်း

မိန်းမသားတစ်ယောက်တည်း ရပ်တည်နေထိုင်နေရတဲ့ဘဝမှာ ချမ်းချမ်းဟာ ဝေဖန်တိုက်ခိုက်မှုတွေ များစွာ ခံခဲ့ရပါတယ်။အဆိုးရွားဆုံး တိုက်ခိုက်မှုတွေတောင် ကြုံခဲ့ရဖူးတယ်လို့ ချမ်းချမ်းက ပြောပြခဲ့ပါတယ်။

“အမအရင်တုန်းက ကန်ဘောင်မှာလေ့ကျင့်ခန်းသွားလုပ်တဲ့အချိန်တွေမှာဆို အမကို တံတွေးနဲ့ လာထွေးတဲ့လူ ရှိတယ် အဲ့လိုလူတွေ ရှိတယ်။ အမတောင် ရှော့ဖြစ်သွားတယ်။ ကိုယ့်ဘာသာကိုယ်လေ့ကျင့်ခန်းလုပ်နေတာကို ဘာလို့ ဒီလိုလာလုပ်တာလည်းဆိုပြီး အမက အဲ့ဒါကို ပြန်တုံ့ပြန်ရင် အမသူနဲ့အဆင့်တူနေတဲ့သူဖြစ်သွားမယ်။ အမမတုံ့ပြန်ခဲ့ဘူးူ။ လူဆိုတာကလည်း နှောက်ယှက်တဲ့သူရှိမှ ပိုအောင်မြင်တာ။ ဝေဖန်တဲ့လူရှိမှ အစ်မသတင်းပိုထွက်မှာပေ့ါ’ ဆိုပြီး အောက်တိုဘာ(၂၆) ရက်နေ့က ပြုလုပ်ခဲ့တဲ့ တေးသံသာ Application မိတ်ဆက်ပွဲမှာ ချမ်းချမ်းက ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : ချမ်းချမ်း

လက်ရှိမှာတော့ ချမ်းချမ်းက အရင်တုန်းကနဲ့ မတူဘဲ ကိုယ့်ကိုကိုယ် လှအောင်နေပြီး သမီးလေးအတွက် အလုပ်တွေ ကြိုးစားလို့နေပါတယ်။

“ကိုယ်ကိုကိုယ်လှအောင် နေတယ်အရင်တုန်းက ကျတော့ အလုပ်တွေပဲ လုပ်တယ်။လှအောင်မနေဘူး။ အခုကျတော့ အမကိုယ် အမလှအောင်နေတယ်။ အမစိတ်ချမ်းသာမှ သူများဆီ မျှဝေလို့ရမယ်ဆိုတဲ့ စိတ်ကလေးမွေးလိုက်တယ်။အမက အစကတည်းက သူများကို ဂရုစိုက်တက်တာမဟုတ်တော့ အမကို ကဲ့ရဲ့ တိုက်ခိုက်တာလည်း အမခေါင်းထဲမှာ သိပ်မရှိဘူး” လို့ သူမက ပြောပါတယ်။

Photo : ချမ်းချမ်း

ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက်‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။


ဆက်စပ်အကြောင်းအရာများ


က္က