ဒါကြောင့် ရွှေကြိုဝင်ပြိုင်ခဲ့တာပါ။

မေလသံစဉ်ကတော့ အနုပညာမျိုးရိုးက ဆင်းသက်လာသူလေးဖြစ်လို့ သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာကြီးသူပါ။ အခုလည်း ရွှေကြိုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။

Photo: May La Than Sin



မြန်မာသံစဉ် သီချင်းလေးတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အဆိုတော် မေလသံစဉ်ကတော့ ရွှေကြိုမှာ ပါဝင်ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။ ရွှေကြို ဝင်ပြိုင်ဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“မေလရဲ့ အနုပညာမျိုးရိုးက ညွှန့်မြန်မာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒါရိုက်တာ အကယ်ဒမီ ဦးချန်ထွန်းပါ။ အဲဒါက မေလရဲ့ အဘိုးပါ။ အနုပညာမျိုးဆက်ကို ထိန်းသိမ်းချင်တဲ့အတွက်ရော၊ နှစ် ၁၀၀ ပြည့် ရွှေကြိုမှာ ပါဝင်ခွင့်ရမယ်ဆိုရင် အခွင့်အလမ်းတွေ အများကြီးရမယ်လို့ သိထားတယ်။ ကိုယ်လည်း ဝါသနာပါတော့ ရွှေကြိုမှာ ပြိုင်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။

Photo: May La Than Sin

မေလသံစဉ်ဟာ ရွှေကြို ပထမအဆင့် ရွေးချယ်တဲ့ အယောက်(၈၀) ထဲမှာ ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။ ရွှေကြို နောက်ဆုံးအဆင့်အထိ မပါခဲ့ရင်လည်း ဂီတအလုပ်တွေပဲ ဆက်လက် လုပ်ကိုင်သွားတော့မယ်လို့ ဆိုပါတယ်။

“ ပြိုင်နေတဲ့အချိန်မှာ ပါတာ မပါတာထက် ကြိုးစားကြည့်မယ်။ အနုပညာမျိုးဆက်လေးလည်းရှိတယ်၊ ဝါသနာလည်းပါတဲ့အတွက် လုပ်ကြည့်လိုက်မယ် ဆိုပြီးတော့ ပြိုင်လိုက်တာပေါ့နော်။ ပထမအဆင့်မှာ ပါလာတာလည်း ဝမ်းသာတယ်။ နောက်တစ်ဆင့်အထိ မပါသွားဘူးဆိုရင်လည်း သီချင်းဆိုတဲ့ အလုပ် ကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်သွားမှာပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရွှေကြိုပထမအဆင့် အယောက် (၈၀) ရွေးချယ်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: May La Than Sin

မေလသံစဉ်ကိုတော့ Melody World 2017 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အသံပါဝါအားကောင်းတဲ့ သီဆိုတတ်ပုံတွေက ပရိသတ်ကို သတိထားမိစေခဲ့ပါတယ်။ မြန်မာသံစဉ်တွေသာမက ခေတ်အကြိုက် Pop သီချင်းချိုချိုလေးတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်သူပါ။ ကလေး သရုပ်ဆောင် အနေနဲ့လည်း Music Video တွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က