ပရိသတ်တွေ စိတ်မကောင်းဖြစ်လို့နေပါတယ်။

တေးရေး ကမ္ဘာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကြောင့် ဂီတလောကက အနုပညာမောင်နှမတွေ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

အဆိုတော် G Latt ရဲ့ ညီ နာမည်ကြီး တေးရေး ဆရာ ကမ္ဘာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ ပရိသတ်တွေကြားမှာ မယုံနိုင်အောင် ဖြစ်ခဲ့ပါတယ်။ တေးရေး ဆရာ ကမ္ဘာဟာ နေပြည်တော်မှာ မတ်လ(၃) ရက်နေ့ ညပိုင်းလောက်က ဆုံးပါးသွားတာ ဖြစ်ပြီး အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လို့နေပါတယ်။

တေးရေးကမ္ဘာဆုံးပါးသွားပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး တေးရေးကမ္ဘာနဲ့ ညီအစ်ကို အရင်းလို ဖြစ်နေတဲ့ အဆိုတော် ဇွဲပြည့်က Duwun Media သို့ ယခုလို ပြောပြခဲ့ပါတယ်။

“ကိုကမ္ဘာသတင်းကို ကြားကြားချင်းအကိုလည်း ဘယ်လိုမှ မယုံနိုင်ဘူးဖြစ်နေတယ်။ ဒီနေ့မနက်ကကြားတာ။ နေပြည်တော်မှာ ဆုံးတယ်လို့။ အခုလောလောဆယ်အကိုကလည်း ချောင်းသာမှာ ဖြစ်နေလို့ လိုက်သွားလို့ မရဘူးဖြစ်နေတယ်။ အသတ်ခံရတယ်လို့ကြားတယ် ကိုG Latt တို့လည်း လိုက်သွားနေကြတယ်။ အကိုနဲ့သူနဲ့က ညီအစ်ကိုတွေလိုနေကြတာ။ စိတ်မကောင်းဘူး” လို့ Duwun media က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ချိန်မှာ ပြောပြခဲ့တာပါ။

လက်ရှိမှာတော့ ကမ္ဘာရဲ့ ရုပ်အလောင်းကို စစ်ဆေးဖို့အတွက် နေပြည်တော် ကုတင်(၁၀၀၀) ပြည့်သူ့ဆေးရုံကြီးရဲ့ ရေခဲတိုက်သို့ ပို့ဆောင်ထားတယ်လို့ သိရပြီး နေပြည်တော် မှုခင်းရဲဌာနအနေနဲ့ကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တေးရေးကမ္ဘာဟာ နာမည်ကြီး အဆိုတော်များအတွက် သီချင်းတွေ များစွာ ရေးပေးခဲ့သလို ဇွဲပြည့်ရဲ့ “အဝေးမိုင်”၊ “စာချွန်တော်”၊ သီချင်းများ အိမ့်ချစ်ရဲ့ “ထို့ကြောင့်ဝေးကြသည်”၊ အဆိုတော် G Latt သီဆိုထားတဲ့ မှားလား၊ ခဏတာ၊မြို့ပြလမ်းခွဲ၊ တို့ကို အကိုဖြစ်သူအတွက် ရေးပေးခဲ့သလို ထိုသီချင်းတွေဟာ ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သိချင်းများ ဖြစ်ခဲ့ပါတယ်။



က္က