သရုပ်ဆောင်ခြင်း၊ဒါရိုက်တာ လုပ်ခြင်းတွေကို ပိတ်ပင်ခဲ့တာပါ။

ဒီနေ့(သြဂုတ်လ၇ရက်)မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာပြုလုပ်တဲ့ အမှုဆောင်များ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ “ စည်းလုံးသင့်ပြီ မြန်မာပြည်” music video ကို ပုံဖော်ဖန်တီးသူ တေးရေး၊ တေးဆို၊ ဒါရိုက်တာ၊ သရုပ်ဆောင် ယုန်လေးကို အနုပညာအလုပ်လုပ်ဖို့ တစ်နှစ်တိတိ ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။ 

Photo: Yone Lay



အဆိုတော်ယုန်လေးကိုယ်တိုင် ပုံဖော်ရိုက်ကူးထားတဲ့ “ စည်းလုံးသင့်ပြီ မြန်မာပြည် ”Music Video နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အမှုဆောင်အဖွဲ့ဝင်များဟာ သြဂုတ်လ (၇) ရက်နေ့ မနက်ပိုင်းက ဆွေးနွေးမှုပြုလုပ်ခဲ့တာတွေ့ ရပါတယ်။ 

အဆိုတော်ယုန်လေးကိုတော့ အနုပညာအလုပ်တွေလုပ်ကိုင်ဖို့ တစ်နှစ်တိတိ ပိတ်လိုက်ပြီလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က မီဒီယာတွေကိုပြောပြလာပါတယ်။

 “ ကျွန်တော်တို့ အစည်းအရုံးဝင်တွေ အနေနဲ့ ဆုံးဖြတ်လိုက်တာကတော့ ကိုဗစ်ကာလမှာ ဘယ်သူ့မှ ရုပ်ရှင်တွေ မရိုက်ကူးရဘူး။ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားတဲ့ အမိန့်တွေရှိတယ်။ လောကသားတွေ အကုန်လုံး စည်းကမ်းလိုက်နာကြတယ်။ ဒါပေမယ့် ယုန်လေး အနေနဲ့ စည်းကမ်းလိုက်နာမှု မရှိတဲ့ အတွက်ကြောင့် အရေးယူသင့်တယ်။ ဒါကိုလည်း အမှုဆောင်တော်တော်များများက သဘောတူညီကြတယ်။ ဒါကြောင့် သူ့ရဲ့ ရိုက်ကူးရေးနဲ့ ပတ်သက်ပြီး တစ်နှစ်ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးကနေပြီးတော့ ထုတ်ပယ်လို့ မရဘူးဆိုတာကလည်း ယုန်လေးဟာ အရင်ကတည်းက အစည်းအရုံးဝင်တစ်ယောက် မဟုတ်တဲ့အတွက်ထုတ်ပယ်လို့မရတာပါ” ဆိုပြီးတော့ သြဂုတ်လ(၇) ရက်နေ့ မနက်ပိုင်းက ရုပ်ရှင်အစည်းအရုံးမှာ ဖြေဆိုခဲ့တာပါ။

Photo: Yone Lay

ယုန်လေးဟာ “ စည်းလုံးသင့်ပြီ မြန်မာပြည်” music video ကို ဇူလိုင်လ (၁၁) ရက်နေ့မှာ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ ကိုဗစ်ကာလအချိန်အတွင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လူစုလူဝေး မပြုလုပ်ဖို့ တားမြစ်ထားတဲ့ ကာလဖြစ်ပြီး ယုန်လေးရဲ့ Music Video ဟာ ဒီကာလအတွင်းမှာ ရိုက်ကူးထားတာကြောင့် ဒီ Music Video နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူများက ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ်လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။

"စည်းလုံးသင့်ပြီ မြန်မာပြည် " Music Video ကို သြဂုတ်လ (၄) ရက်နေ့ မနက် (၁၀) နာရီကျော်က Original Gangster Facebook Page ကနေ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေကြုံခဲ့ရပါတယ်။ ဒီဝေဖန်ပြောဆိုမှုတွေကြောင့် သြဂုတ်လ (၅) ရက်နေ့ နေ့လယ် (၂) နာရီဝန်းကျင်က အဆိုတော်ယုန်လေးကိုယ်တိုင် Original Gangster Facebook Page ကနေ ဖြုတ်ချလိုက်တာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က