သူမရဲ့ အချစ်ရေးအကြောင်းကိုပြောပြလာပါတယ်။

အဆိုတော် ကေကေမိုးကတော့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

Photo: Kay Kay Moe



ကေကေမိုးကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလာဟလသတင်းတွေ မထွက်ဖူးခဲ့သူ တစ်ယောက်ပါ။အခုဆိုရင်တော့ သူမက အသက်(၂၈) နှစ်အရွယ်ကို ရောက်ရှိလို့နေပါပြီ။ ဒါကြောင့် အချစ်ရေးနဲ့ ပတ်သက်ပြီး သူမရဲ့ ခံယူချက်တွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုလောလောဆယ်တော့ အိမ်ထောင်ပြုဆိုရင် မပြုချင်သေးဘူး။ ဒါပေမယ့် အသက်(၃၀) ကျော်သွားရင်တော့ စိတ်ကူးက ဘာဖြစ်လာမလဲ မသိဘူးပေါ့နော်။ ကိုယ့်ရဲ့ မိသားစုလေး လိုချင်လာတဲ့ စိတ်လည်း ရှိချင်ရှိမှာပေါ့။ အခုလောလောဆယ်ကတော့ အလုပ်က ကိုယ့်အတွက် အဓိက ဖြစ်နေတယ်။ အသက်(၃၀) ကျော်မှ အိမ်ထောင်ရေးအကြောင်း စဉ်းစားမှာပေါ့”လို့ သူက ဆိုပါတယ်။ 

Photo: Kay Kay Moe

အချစ်ရေးထက် အလုပ်ကို ဦးစားပေးမယ်လို့ ဆိုလာတဲ့ အဆိုတော် ကေကေမိုးက သူမရဲ့ အနုပညာလှုပ်ရှားမှုတွေ အကြောင်းကို ဆက်လက် ပြောပြလာပါတယ်။ 

" အခုချိန်မှာ အဆိုတော်တွေအတွက်က ပွဲလမ်းသဘင်တွေ လုပ်မှပဲ အဆိုတော်တွေက အလုပ်လုပ်ရတာဆိုတော့ ကေကေ တို့က ဘိတ်ဆုံးပဲ။ လောလောဆယ်မှာတော့ လူစုလူဝေး လုပ်လို့ မရသေးတဲ့အတွက် ကေကေ ထင်တာတော့ ဒီနှစ်တောင် အလုပ်တွေ ပြန်လုပ်ရပါ့မလား မသိပါဘူး။ လောလောဆယ် ဝင်ငွေက မရှိတော့ ပိုက်ဆံစုထားတာလေးတွေနဲ့ပဲ သုံးနေရတာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Kay Kay Moe

ကေကေမိုးကိုတော့ "ကျွန်မ" ဆိုတဲ့ Single Song လေးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ "ကျွန်မ" သီချင်းဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တာဖြစ်ပြီး တေးရေး ဝေကြီး ရေးပေးခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းနဲ့ City FM ရဲ့ (၁၇) နှစ်ပြည့် ဂီတ ဆုပေးပွဲကြီးမှာ သူမက ၂၀၁၈ ခုနှစ်အတွင်း ရေပန်းအစားဆုံး အမျိုးသမီး တေးသံရှင်ဆုကို ရရှိခဲ့တာထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကေကေမိုးဟာ သြဂုတ်လ(၂၁) ရက်နေ့မှာ "အချစ်မျက်ကန်း" ဆိုတဲ့ အချစ်သီချင်း နမူနာလေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က