အချစ်ရေးနဲ့ ပတ်သက်လာရင်လည်း မစွက်ဖက်ဘူးလို့ ဆိုပါတယ်။

ထွန်းထွန်းက တစ်ဦးတည်းသောသား ဖြစ်ရခြင်းရဲ့ အားသာချက်တွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Tun Tun



ထွန်းထွန်းကတော့ လက်ရှိမှာ မိဘနှစ်ပါးနဲ့ အတူတူနေတယ်လို့ သိရပါတယ်။ တစ်ဦးတည်းသော သားဖြစ်တာကြောင့်လည်း မိဘတွေက သည်းသည်းလှုပ်အချစ်ပိုခဲ့ကြတာဖြစ်ပါတယ်။ ထွန်းထွန်းဟာ မိဘတွေရဲ့ ယုံကြည်မှုကို အလဟသ ဖြစ်အောင်လုပ်မယ့်သူ မဟုတ်ကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ 

“ကျွန်တော်ဟာ အရွယ်တစ်ခုရောက်တဲ့အထိတော့ လွတ်လွတ်လပ်လပ် မနေခဲ့ရဘူး။ အသက် ၃၀ အရွယ်နောက်ပိုင်းမှာတော့ အမေက ကိုယ့်ရဲ့ နေထိုင်မှုပေါ်မှာ တဖြည်းဖြည်းနဲ့ ယုံကြည်လာတယ်။ အမေ့ရဲ့ ယုံကြည်မှုကို အလွဲသုံးစား မလုပ်တော့ဘူးပေါ့။ ကျွန်တော်က တစ်ဦးတည်းသော သားဆိုပေမယ့် တစ်ကိုယ်ကောင်းမဆန်ပါဘူး။ ကျွန်တော့်မှာသာ အဆင်မပြေရင် မပြေမယ် အကုန်လုံးအတွက် အဆင်ပြေအောင် ကြိုးစားပြီးနေတတ်တဲ့ လူတစ်ယောက်ပါ” ဆိုပြီးတော့ မတ်လ ၃ ရက်နေ့က “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Tun Tun

ထွန်းထွန်းဟာ အခုဆိုရင် အနုပညာသက်တမ်း ၁၅ နှစ်ကျော်ခန့်ရှိပါပြီ။ တစ်ချိန်တုန်းကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ်ချစ်ခဲ့ကြတဲ့ Rapper အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်ကို လျှို့ဝှက်ထားတတ်သူမဟုတ်ပါဘူး။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း လက်ရှိမှာ Single ဘဝနဲ့ အဆင်ပြေနေတယ်လို့ သိရပါတယ်။ 

Photo: Tun Tun

ထွန်းထွန်းဟာ အသက် ၃၀ ဝန်းကျင်ရှိလာပြီဖြစ်တဲ့အတွက် အိမ်ထောင်ဖက်ကောင်းနဲ့ တွေ့ရင် အိမ်ထောင်ပြုမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ့ရဲ့ မိခင်ကလည်း အချစ်ရေးကိစ္စနဲ့ ပတ်သက်လာရင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ဦးစားပေးထားတယ်လို့ ဆိုပါတယ်။ 

“ တချို့ဆို အိမ်ထောင်ဖက်ရွေးတဲ့အခါမှာ အမေက ဇီဇာကြောင်တာမျိုးတွေရှိတတ်ကြတယ်။ ဒါပေမယ့် အမေကတော့ အဲဒီလိုမဟုတ်ဘူး။ ကျွန်တော့် စိတ်ပဲ။ ကျွန်တော့်စိတ်ကို အမေက အမြဲတမ်းလိုက်လျောခဲ့တာပါ။ ငယ်ငယ်တုန်းကတော့ စိတ်ပူတဲ့အတွက် မဖြစ်သင့်တာ မဖြစ်အောင်ပြောတာပေါ့နော်။ ကျွန်တော့် ကိစ္စ တော်တော်များများကို အမေက ဘယ်တော့မှ ဝင်မစွက်ဖက်ဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Tun Tun

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က