အသက်၄၀ ပြည့်မွေးနေ့ကို မကြာခင် ကျင်းပသွားမှာပါ။

စိုင်းစိုင်းခမ်းလှိုင်ဟာ အသက်၁၈ နှစ်ကတည်းက အနုပညာအလုပ်တွေ လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ သူ့ရဲ့ အသက် ၆၄ နှစ်ရောက်တဲ့အထိ ပရိသတ်တွေနဲ့ အတူတူ ပျော်ချင်ပါတယ်တဲ့။

စိုင်းစိုင်းခမ်းလှိုင်က အနုပညာလောကထဲကို အသက် ၁၈ နှစ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပြီး အသက် ၄၀ အရွယ်ရောက်တဲ့အချိန်အထိ သူ့ရဲ့ အောင်မြင်မှုတွေက ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလမ်းကြောင်းအပေါ် လျှောက်ခဲ့ရတဲ့အတွေ့အကြုံတွေကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ကျွန်တော့်ဘဝ စနေတာတော့ တော်တော်ကြာပါပြီ။ ကျွန်တော် ၁၈ နှစ်သားကတည်းက အနုပညာလောကမှာ ရပ်တည်ခဲ့တာဖြစ်တယ်။ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်အောင်၊ ကိုယ့်မိသားစုအပေါ် တာဝန်ယူနိုင်အောင် ကြိုးစားခဲ့ရတာလည်းဖြစ်ပါတယ်။ ၁၈ နှစ်သားကတည်းကနေ ဒီနေ့ အချိန်ထိ စိတ်ချမ်းမြေ့ခဲ့ရတဲ့ ရက်တွေလည်းရှိတယ်။ ဒါတွေကို ငယ်ငယ်လေးကတည်းက ဖြတ်သန်းခဲ့ရတာဖြစ်တဲ့အတွက် ကျွန်တော့် ဘဝက စတာ တော်တော်ကြာနေပြီ’’ လို့ မတ်လ ၁၈ ရက်နေ့က Birthday Show စာနယ်ဇင်းပွဲမှာ ပြောပြထားတာပါ။

လက်ရှိမှာလည်း သူ့ရဲ့ အသက်အရွယ်အပေါ် သူ့ရဲ့ ကိုယ်ပိုင်စိတ်ကူးလေးကိုလည်း စိုင်းစိုင်းက ပြောပြထားပါသေးတယ်။

‘’ကျွန်တော်အနုပညာအလုပ်တွေ လုပ်ရင်း စိတ်ကူးထဲမှာ ဘယ်အရွယ်တုန်းကတော့ဖြင့် ငါတော့ ဆယ်ကျော်သက်အရွယ်ကို ရောက်လာပြီ။ ဘယ်အရွယ်မှာတော့ဖြင့် အလုပ်ကို ဘယ်လိုကြိုးစားရတော့မယ်၊ အခု ဒီနှစ်ပိုင်းတွေမှာ ကျွန်တော်စဉ်းစားမိတာတော့ ငါတော့ Offical ဂျိမ်းစဘွန်း ရဲ့ အသက်အရွယ်ကို ရောက်လာပြီလို့ ကျွန်တော်ခံစားမိပါတယ်’’ လို့ သူကဆိုပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ အသက် ၁၈ နှစ်တုန်းကပြုလုပ်ခဲ့တဲ့ Birthday Show ကနေ အသက် ၆၄ နှစ်ပြည့် Birthday Show အထိ ပရိသတ်တွေနဲ့အတူတူ ပျော်ချင်တဲ့အကြောင်း ပြောပြလာပါတယ်။ Birthday Show ကိုလည်း နောက်နှစ်တွေမှာ ဆက်လုပ်သွားဦးမှာပါတဲ့။

‘’အစီအစဉ်ကတော့ ကြိုပြီးတော့ စဉ်းစားထားတာမျိုး မရှိပါဘူး။ ဘယ်လောက်ပဲ Plan ဆွဲပါစေ။ ဖြစ်ချင်မှလည်း ဖြစ်လာတာ ဆိုတော့ အလွန်ဆုံးပြောနိုင်ရင် နောက်ထပ် တစ်နှစ်၊ နှစ်နှစ်တော့ လုပ်နိုင်မှာပါ။ တစ်နှစ်၊ နှစ်နှစ်လောက်တော့ လုပ်နိုင်ဦးမယ်လို့လည်း ကျွန်တော် ယုံကြည်မှုရှိပါတယ်။ ဖြစ်နိုင်ရင်တော့ ကျွန်တော့် အသက် ၆၄ နှစ်ပြည့် မွေးနေ့အထိ ကျွန်တော့် ပရိသတ်တွေနဲ့ ဆင်နွှဲချင်သေးတာပါ’’ လို့ ဆက်လက်ပြောပြထားပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် ၄၀ ပြည့် Birthday Show ပွဲကြီးကိုတော့ ဧပြီလ ၁၀ ရက်နေ့ သုဝဏ္ဏဘူမိEvent Park မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ လက်မှတ်တွေကိုတော့ တက္ကသိုလ် စာမေးပွဲတွေ ပြီးတဲ့အချိန် မတ်လ ၃၀ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

စိုင်းစိုင်းခမ်းလိှိုင်ရဲ့ Birthday Show လက်မှတ်များကို မတ်လ(၃၀) ရက်နေ့စတင်ပြီး မြန်မာပလာဇာမှာ ပြုလုပ်မယ့် AYA X ပွဲမှာ စတင်ဝယ်ယူလို့ရပါပြီ။ အဲ့ဒီပွဲမှာ ဝယ်ယူဖို့ အဆင်မပြေနိုင်တဲ့ ပရိသတ်တွေအနေနဲ့ OMG နဲ့ Genius ၊ မန်းသီရိတို့မှာ ဝယ်ယူလို့ ရနိုင်ပါတယ်။ လက်မှတ်တွေကို တစ်သောင်းနှစ်ထောင်ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး VIP လက်မှတ်ကိုတော့ သုံးသောင်းသတ်မှတ်ထားတယ်လို့ စိုင်းစိုင်းက ဆိုပါတယ်။



က္က