အခုလည်း လိမ္မာတဲ့ သားသမီးလေးတွေကို ပိုင်ဆိုင်ထားပါတယ်။
Sabal Thwin

ခင်ဇာခြည်ကျော်ဟာ ငယ်စဉ်ကတည်းက မိဘကို လုပ်ကျွေးပြုစုခဲ့သူဖြစ်တာကြောင့် အခုချိန်မှာ သားသမီးရ ကံကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှာ အရမ်းကို အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

Photo: Khin Zar Chi Kyaw

သရုပ်ဆောင်ခင်ဇာခြည်ကျော်က လိမ္မာတဲ့ သားသမီး နှစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတဲ့ မိဘဖြစ်တာကြောင့် ဝမ်းသာပျော်ရွှင်လို့နေပါတယ်။ ဒါကလည်း သူမကိုယ်တိုင် မိဘအပေါ် သိတတ်ခဲ့တဲ့ အကျိုးတွေဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကိုယ်လည်း မိဘတွေကို အသက် ၁၅ နှစ်ကတည်းက လုပ်ကျွေးခဲ့တဲ့ ဂုဏ်ကျေးဇူး၊ ဒီနေ့အချိန်ထိ မေမေဆိုရင်လည်း အစ်မဘဝမှာ နံပါတ် ၁ ထားပြီးတော့၊ အခုချိန်ထိလည်း မေမေ့ကို အမြဲတမ်း ဦးစားပေးပြီးတော့နေတဲ့ သမီးတစ်ယောက်ဖြစ်တဲ့အတွက် အဲဒီအကျိုးတွေက အစ်မကို ပြန်ပြီးတော့ တန်ပြန်သက်ရောက်တယ်လို့ပဲမြင်ပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၂၅ ရက်နေ့က Wine အသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Khin Zar Chi Kyaw

သရုပ်ဆောင်ခင်ဇာခြည်ကျော်(Khin Zar Chi Kyaw)မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေ တယ်လို့ သိရပါတယ်။

Photo: Khin Zar Chi Kyaw

ခင်ဇာခြည်ကျော်ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်ဝန်းကျင်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီးချောတွေကြားမှာ ခင်ဇာခြည်ကျော်ကလည်း တစ်ဦး အပါအဝင်ပါ။ သူမဟာ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်ရှင်ကားကြီးများစွာကိုလည်း ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ရိုက်ကူးခဲ့ဖူးသူဖြစ်ပါတယ်။ သူမဟာ ၂၀၀၂ ခုနှစ်တုန်းက ‘’ငါ သူတစ်ပါး ယောကျ်ား၊ မိန်းမ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က