မိဘတွေရဲ့ ဆန္ဒအတိုင်း နေထိုင်ခဲ့သူပါတဲ့။
Sabal Thwin

ယဉ်လက် က သူမရဲ့ အချစ်ရေးမှာ ပရိုမိုးရှင်လည်းမဆင်းသလို Discount လည်းချမှာမဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူမ ကိုယ်တိုင်က မိန်းမဆန်ပြီး စိတ်က အရမ်းနုလွန်းတဲ့သူပါတဲ့။

Photo: Yin Let

လူငယ်ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီးချောလေးဖြစ်တဲ့ ယဉ်လက်ကတော့ သူမရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူ့မိဘတွေရဲ့ ဆန္ဒအတိုင်း အသက် ၁၈ နှစ်မကျော်မချင်း ရည်းစား တစ်ယောက်မှ မထားခဲ့ဖူးဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဖေဖေ ကတော့ အသက် ၁၈ နှစ်မပြည့်မချင်း ရည်းစားမထားနဲ့လို့တော့ ပြောထားတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အသက် ၁၈ နှစ်မတိုင်ခင်အထိက မိဘသဘောအရ လုံးဝ မထားခဲ့ဘူူး။ အသက် ၁၈ နှစ်ကျော်ပြီ သမီး ရည်းစားထားလို့ရပြီ ထား ဆိုတဲ့ အချိန်ကျတော့ ထားစရာလူက မရှိဘူး။ ပရိုမိုးရှင်းလဲ မချဘူး၊ Discount လည်းမရဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ပြောပြလို့လည်းမရဘူး၊ နှိုင်းပြလို့လည်းမရဘူး။ အဲဒီတန်ဖိုးကို သေချာနားလည်ပြီး သိတဲ့သူနဲ့မှရမှာ။ လက်တွဲဖော်ရှာရမယ့်အရွယ်ရောက်ရင်တော့ ကိုယ့်တန်ဖိုးကို သိတဲ့သူက ကိုယ့်အနားကို ရောက်လာမှာပဲ’’ လို့ ဆိုပါတယ်။ 

Photo: Yin Let

သူမက တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လာရင် ကျွမ်းကျင်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါကြောင့်လည်း သူ့ကို အက်ရှင်မင်းသမီးလေးလို့ ပရိသတ်တွေက တင်စားလေ့ရှိပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ ယဉ်လက်ရဲ့ မိန်းမ ဆန်တဲ့ စိတ်လေးကို မသိကြသေးဘူးလို့ဆိုပါတယ်။

‘’တကယ်တော့နော် သမီးကို ကြမ်းတယ်လို့ထင်နေကြတာ။ သမီး နုတာ မတွေ့ဖူးသေးလို့ တအားနုတာ၊ တအားနွဲ့တာ။ ဖေဖေကလည်း အဓိက ရည်ရွယ်ချက်က သမီး စိတ် တအားနုလို့၊ ပျော့လို့ တိုက်ကွန်ဒို သင်တန်း ပို့ပြီးတော့ အဲဒီလို ပုံစံဖြစ်သွားတာ။ တအားနုတယ်၊ ဂျီကျတယ်၊ ချွဲတတ်တယ်။ ဒါကို ရုပ်ရှင်ထဲမှာသာ မလုပ်ရသေးတာ အပြင်မှာတော့ အဲဒီလို မကြမ်းပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Yin Let

ယဉ်လက်ဟာ သူမကိုယ်သူမ စိတ်ခံစားမှုနူးညံ့လွန်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းပြောလာပါတယ်။ ဘယ်လို ကိစ္စမဆို နှလုံးသားနဲ့ ထပ်တူ ခံစားလေ့ရှိတယ်လို့ ဆိုပါတယ်။

‘’ မိတ်ကပ်လိမ်းထားတဲ့ရုပ်နဲ့ ဘာမှ မလိမ်းထားတဲ့ရုပ်က တကယ်ကို တခြားစီပဲ။ မိတ်ကပ် ဖျက်လိုက်ရင် ကလေးရုပ်၊ စကားပြောတဲ့ ပုံစံတွေ အကုန်လုံးကလည်း ကလေးတစ်ယောက်လိုဖြစ်နေတာပေါ့။ အကုန်လုံးကလည်း သမီးကို ကလေးလို့ပဲ မြင်နေကြတာ။ စိတ်ကလည်း နုတယ် တစ်ခုခုဆို အသေးအမွှားလေးက အစ စိတ်ထဲ ထည့်ပြီးတော့ ခံစားတတ်တယ်။ ငိုတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၁၉ ရက်နေ့ညက ဂျင်ပါတီ ရုပ်ရှင်အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Yin Let

သရုပ်ဆောင် ယဉ်လက်ကိုတော့ သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း အရမ်းကို ၂ နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။ ဒါပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ တစ်နေ့ထက် တစ်နေ့ ပိုများလာတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း အများကြီးပါ။ လက်ရှိမှာလည်း ယဉ်လက် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ဂျင်ပါတီ’’ရုပ်ရှင်ကားကြီးက သြဂုတ်လ ၂၂ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က