မိသားစုတွေ၊ ပရိသတ်တွေနဲ့ အတူ အလှူလုပ်ခဲ့ကြပါတယ်။

သရုပ်ဆောင် စိုးပြည့်သဇင်က စက်တင်ဘာလ ၂၂ ရက်နေ့မှာပဲ အသက် ၂၇ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ တစ်ဦးတည်းသော သမီးလေးဖြစ်တာကြောင့်လည်း ဖေဖေ နဲ့ မေမေတို့က မွေးနေ့ ဆုတောင်းစကားတွေ ပြောထားပါတယ်။

ပရိသတ်အချစ်တော် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ အသက် ၂၇ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမ အတွက် ဖေဖေရော၊ မေမေ ရောကလည်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါသေးတယ်။



 ‘’အသက်ကတော့ ၂၇ ပြည့်တာပါရှင့်။ မွေးနေ့ အစီအစဉ်ကတော့ မနက် ၉ နာရီကျော်က ဆရာတော် ကုမာရာ ရဲ့ ရာမ မူလွန်ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာသံဃာတော်တွေ၊ မိဘမဲ့ကလေးလေးတွေအတွက် ဆွမ်းကျွေးတယ်။ ရန်ကုန်ဆေးရုံကြီးမှာတော့ လူနာတွေ၊ လူနာစောင့်တွေ လူ ၅၀၀စာအတွက် ထမင်းဘူးလေးတွေ အလှူပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ ခွေးလေ ခွေးလွှင့်လေးတွေကို ပြန်ပြီးတော့ ထိန်းသိမ်းတဲ့ ဂေဟာလေးမှာ လှူဖြစ်တယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ မွေးနေ့ အလှူပွဲမှာ ဖြေဆိုခဲ့တာပါ။

အဲဒီနောက် စိုးပြည့်သဇင်ရဲ့ ဖခင်ဖြစ်သူ တေးရေး ဦးစိုးနိုင်ကလည်း ချစ်သမီးချောလေး စိုးပြည့်သဇင်အတွက် မွေးနေ့ ဆုတောင်းစကားဆိုခဲ့ပါတယ်။

‘’သမီးလေးတောင် အသက်တစ်နှစ်ထပ်ကြီးလာပြီ ဘုရားအဆုံးအမအတို င်းမွေးကထဲကနေလာနိုင်တဲ့ အဖေ့သမီးလေးလောကီလော ကုတ္တရာနှစ်ဖျာသောေ ကာင်းခြင်းမင်္ဂလာတွေပြည့်စုံပါစေ။ မိဘကိုစိတ်ချမ်းသာအောင် ထားနိုင်ခဲ့တဲ့ သမီးလေးတူသော အကျိုးအတိုင်းစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိနိုင်ပါစေ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၁၂ နာရီ ၃၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပါ ရေးသားခဲ့ပါတယ်။

အဲဒီလိုပဲ ချစ်ရတဲ့ မေမေ ဒေါ်မာလာကလည်း အသက် တစ်နှစ်ကြီးပြီဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေး စိုးပြည့်သဇင် အတွက် မွေးနေ့ဆုတောင်းစကားကို စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

‘’ အင်း ဘာလိုလိုနဲ့အသက်တနှစ်ထပ်ကြီးသွားပြန်ပြီ။ အမေ့စိတ်ထဲကတော့ခုထိကလေးပါပဲ အမြဲတမ်းအတွက်အမေ့ရဲ့ကလေးငယ်ငယ်နဲ့မိဘတွေကိုလုပ်ကျွေးခဲ့လို့မိအိုဖအိုဘဝမှာကောင်းကောင်းနေခွင့်ရခဲ့ပြီဒီကုသိုလ်ကံစေတနာတွေကြောင့်လိုရာဆန္ဒမှန်သမျှပြည့်ဝလို့မအိုရာမနာရာမြတ်နိဗ္ဗာန်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုနိုင်ပါစေ’’ လို့ သူကဆိုပါတယ်။

အသက်(၂၇) နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီ ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာအလုပ်တွေလုပ်ခဲ့သူပါ။ စိုးပြည့် အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားက "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ပါ။ သီချင်းနဲ့ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။



Share

Loading Next Article...
က္က