အခုဆိုရင် စီးပွားရေးကို ပိုလုပ်ဖြစ်နေတာတွေ့ရပါတယ်။
Sabal Thwin

နေမင်းဟာ စီးပွားရေးကို သေသေချာချာဦးစားပေးလုပ်ဆောင်လာတဲ့အချိန်မှာတော့ အတွေ့အကြုံအများကြီးလည်းရသလို ပိုပြီးတော့လည်း ရင့်ကျက်လာတယ်လို့ဆိုပါတယ်။ အရင်တုန်းကဆို ကိုယ်သိသလောက်နဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့မိတာတွေရှိတယ်လို့ပြောပါတယ်။

Photo: Nay Min

နေမင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် စီးပွားရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေတာတွေ့ရပါတယ်။ သူဟာ အရင်တုန်းကနဲ့ မတူအောင် ရင့်ကျက်သွားတယ်ဆိုတဲ့ အတွေ့အကြုံတွေကိုလည်း မီဒီယာ အင်တာဗျူးတွေကနေဖြေဆိုခဲ့ပါတယ်။

‘’ အရင်တုန်းကျတော့ လူငယ်စိတ်ရယ်၊ တစ်ခုခုဆိုရင် မခံချင်စိတ်ရယ်ကြောင့်ပါ။ အခုဆိုရင် ပြန်တွေးတယ်။ ပြောသင့်တာ၊ မပြောသင့်တာ စဉ်းစားတယ်၊ တွေးတယ်။အလုပ်လုပ်လာတာတွေကြောင့်လည်း ပါမှာပေါ့။ အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာလည်း ပါမှာပေါ့။ ကိုယ်နည်းနည်းလေးသိတာကို အများကြီးသိတယ်ဆိုပြီးတွေးတာလည်း ရှိကောင်းရှိမှာပါ။ အခုကျတော့ အသက်အရွယ်ကြီးလာတော့ ဖြတ်သန်းမှုများပြီးတော့ ပတ်ဝန်းကျင်ကျယ်လာတဲ့အခါကျတော့ ကိုယ်သိခဲ့တဲ့အရာက သေးသေးလေးပါလားဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပံ့ပိုးမှုဖြစ်စေတယ်။ နေထိုင်မှုတွေပါ ပြောင်းလဲသွားတာဖြစ်မှာပေါ့’’ လို့ ဆိုပါတယ်။

Photo: nay Min

သူဟာ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့တာက စီးပွားရေးလောကထဲကို ရောက်သွားတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ အတွေ့အကြုံတွေ တော်တော်ရနေပြီလို့ နေမင်းက ပြောပါတယ်။

‘’ မိသားစုကတော့ အရင်တုန်းကတည်းက အစ်ကို့ဘေးနားမှာရှိတယ်။ မိသားစုနဲ့ ဆက်ဆံမှုတွေကတော့ ဒီအတိုင်းပဲပေါ့နော်။ ကျွန်တော်ကလေးဘဝမှာ မင်းသားဖြစ်တဲ့ အခါတုန်းကလည်းကိုယ့် ပတ်ဝန်းကျင်လေးလောက်ပဲ ဖြတ်သန်းရတာကိုး။ အခု အပြင်လောကကို အချိန်ပေးပြီးတော့ ထွက်လိုက်တဲ့ အခါကျတော့ အတွေ့အကြုံတွေလည်း အများကြီးရတာပေါ့’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့က ‘’ရှေ့သွားနောက်လိုက်’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Amazing Grace

ဇာတ်ကားရိုက်ကူးမှုတွေကိုလည်း ကာရိုက်တာကို ရွေးပြီး သေသေချာချာ စိစစ်ရိုက်ကူးသွားမယ်လို့ နေမင်းက ပြောပါတယ်။

‘’ ဇာတ်ကားတွေကတော့ တကယ်လည်းကောင်းတယ်၊ ကိုယ်လည်း တကယ် နှစ်သက်တယ်၊ သဘာဝဖြစ်တဲ့ ဇာတ်ရုပ်မျိုးဆိုရင်တော့ ကိုယ်က မင်းသားနေရာပဲဖြစ်ဖြစ်၊ ဇာတ်ပို့နေရာပဲဖြစ်ဖြစ် ရိုက်ဖြစ်တယ်။ ပုံမှန်ဇာတ်ကားတွေလိုမျိုး လာကမ်းလှမ်းရင်လည်း ငြင်းဖြစ်တာများတယ်။ ကိုယ်ရိုက်ချင်တဲ့ ဇာတ်ရုပ်တွေကျပြန်တော့လည်း လွယ်လွယ်ကူကူနဲ့ မရိုက်ဖြစ်ဘူး’’ လို့ သူကဆိုပါတယ်။

Photo: Nay Min

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အစ်ကိုဖြစ်သူရဲ့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့လည်း ဇာတ်ကားတွေရိုက်နေသူပါ။ အဲဒီနောက် မိသားစု စီးပွားရေးကို ဦးဆောင်ပေးနေရတဲ့သူဖြစ်တာကြောင့်လည်း အနုပညာအလုပ်တွေကို အရင်ကလောက် လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။




ဆက်စပ်အကြောင်းအရာများ


က္က