သူကိုယ်တိုင်ရိုက်ထားတဲ့ ဇာတ်ကားလည်း ရုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်တဲ့။

အသက် ၃၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဟိန်းဝေယံက အခုဆိုရင် ဇာတ်လမ်း၊ ကာရိုက်တာ သေချာ ရွေးချယ်ပြီးမှ ရိုက်ကူးဖြစ်တော့မယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အရှေ့ကို အမြန်ဆုံးရောက်ဖို့ ကြိုးစားနေပါတယ်တဲ့။

ဟိန်းဝေယံက သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ‘’မာယာကကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အရှေ့ရောက်လာတော့မယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်ဖန်တီးမှုဖြစ်တာကြောင့်လည်း ကျေနပ်အားရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’မာယာကကြိုးကတော့ Post Production အပိုင်းကို ကျွန်တော် လုပ်နေပါတယ်။ အသံပိုင်းတွေ လုပ်နေတယ်။ ဒါတွေပြီးသွားရင်တော့ ဆင်ဆာကြည့်တာတို့ ကျန်တဲ့အပိုင်းတွေ ကျွန်တော် ဆက်လုပ်ရဦးမယ်။ အတွေ့အကြုံတွေကတော့ ကျွန်တော်ရိုက်ကူးခဲ့တဲ့ အချိန်တွေ၊ ကျွန်တော် တတ်သလောက်၊ သိသလောက် ကြိုးစားခဲ့ရတာတွေအတွက် ကျွန်တော့်ကြိုးစားမှုအပေါ်မှာတော့ ကျွန်တော် လိပ်ပြာလုံပါတယ်’’ လို့ သူကဆိုပါတယ်။

photo: zay ye htet

အခုဆိုရင်တော့ ဟိန်းဝေယံရဲ့ အသက်ဟာ ၃၀ ကျော်အရွယ်ကို ရောက်လာပြီဖြစ်ပါတယ်။ ဒီအသက်အရွယ်ကြောင့်ပဲ ကာရိုက်တာတွေ၊ ဇာတ်လမ်းတွေ ရွေးချယ် ရိုက်ကူးဖြစ်လာတယ်လို့ ဆိုပါတယ်။

‘’ကျွန်တော်ကတော့ အခုနောက်ပိုင်းဆိုရင် ကျွန်တော် တကယ်ရိုက်ချင်တယ်၊ ကျွန်တော်ကြိုက်တဲ့ ဇာတ်လမ်းမျိုးကိုပဲ အနုပညာပုံဖော်ဖြစ်တယ်။ ရွေးချယ်လက်ခံဖြစ်တယ်’’ လို့ သူ့ရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဟိန်းဝေယံကိုယ်တိုင် ဒါရိုက်တာအဖြစ် ပထမဆုံးအကြိမ် ရိုက်ကူးထားတဲ့ ‘’မာယာကကြိုး’’ရုပ်ရှင်ဇာတ်ကားကြီး ကို ၂၀၁၇ ခုနှစ်ကတည်းက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံ၊ ဇေရဲထက်၊ မေသန်းနု၊ မေသဉ္ဇာဦးနဲ့ ရတနာဗို တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထူးထူးဆန်းဆန်းအနေနဲ့ကတော့ ဇေရဲထက်ကို အရမ်းလှပတဲ့ မိန်းကလေးတစ်ဦးအသွင်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

photo: zay ye htet

ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယိုဇာတ်ကားပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်းများစွာ တို့ကိုလည်း ရိုက်ကူးခဲ့ဖူးသူပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ် ၂၀ ကျော်ကို ရောက်ရှိလို့နေပါပြီ။ ဒါကြောင့်လည်း ဒါရိုက်တာ တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ အများဆုံးရပ်တည်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က