သူတို့ ဝါသနာကိုပဲ ပံ့ပိုးပေးရမှာပေါ့။
Sabal Thwin

မေသဉ္ဇာဦးဟာ သားတွေအတွက်တော့ မိခင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ သားတွေရဲ့ ဝါသနာကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: May Thinazr Oo

မေသဉ္ဇာဦး ကတော့ အခုလက်ရှိမှာ ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ သားနှစ်ယောက်ပိုင်ဆိုင်ထားတဲ့ မေမေ ဖြစ်ပါတယ်။ သားတွေကိုလည်း အနုပညာအလုပ်တွေ လုပ်စေချင်တယ်လို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။

‘’ သူတို့က အနုပညာအလုပ် မလုပ်ဘူး။ ပထမကတော့ အငယ်က လုပ်မလိုလိုနဲ့ မေမေ တို့လို မပြောတတ်ဘူးတဲ့။ ဓာတ်ပုံရိုက်ဆိုရင် ရိုက်တယ်။ သရုပ်ဆောင်ဖို့အတွက်တော့ စကားမပြောတတ်ဘူးတဲ့။ လူဆိုတာလည်း ဘာမှ လုပ်ယူလို့မရဘူး။ ပါလာသလောက်ပဲပေါ့နော်။မိဘအရမ်းအုပ်ထိန်းထားပြီးတိုင်းလည်း အောင်မြင်ကြတာ မဟုတ်ပါဘူး။ မိဘက ဘာမှ မအုပ်ထိန်းလည်း အောင်မြင်နေကြတာ တစ်ပုံကြီးပါပဲ။ မိဘကတော့ တိုက်တွန်းပေးတာပဲ လုပ်တာမလုပ်တာကတော့ သူတို့အပိုင်းပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: May Thinazr Oo

လက်ရှိမှာလည်း သူမရဲ့ သားတွေက အလုပ်ကိုယ်စီနဲ့ ကြိုးစားနေကြတယ်လို့ မေသဉ္ဇာဦးက ပြောပါတယ်။ သားတွေရဲ့ ဘဝကိုလည်း ကောင်းကောင်းမွန်မွန်လေး ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

‘’ ကိုကိုကတော့ သူ့သူငယ်ချင်းတွေနဲ့ပေါင်းပြီးတော့ အင်္ကျီ ဒီဇိုင်းလေးတွေ လုပ်တဲ့အလုပ် လုပ်နေတယ်ပေါ့။ ညီညီကတော့ ကျောင်းတက်နေတယ်။ ကိုကိုကတော့ စာကျက်နည်းနည်းပျင်းတယ်။ ညီညီကတော့ စာလေး နည်းနည်းလုပ်တော့ သူ့ကို ကျောင်းဆက်ထားဖြစ်တယ်ပေါ့။ ကိုယ်ကတော့ သားကောင်းမိခင်တစ်ယောက် ဖြစ်ချင်တာပေါ့။ ကိုယ်ကတော့ သူတို့ ဘဝလေးတွေ လူတန်းစေ့နေနိုင်ပြီးတော့ လူ့အောက်မကျပဲ နေနိုင်ရင် ကျေနပ်နေပါပြီ’’ ဆိုပြီးတော့ အောက်တိုဘာလ ၃၁ ရက်နေ့က ‘’တစစ်တမက်’’ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: May Thinazr Oo

သရုပ်ဆောင် မေသဉ္ဇာဦးဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ၂ ဆု ကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမရဲ့ အနုပညာခရီးလမ်းကလည်း နှစ်ပေါင်း ၃၀ နီးပါးရှိနေပါပြီ။ အနုပညာအတွေ့အကြုံတွေ အများကြီးရှိသူတစ်ယောက်ဖြစ်ပြီး ဒီနေ့အထိ ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က