အကယ်ဒမီပေးပွဲအပေါ် သူ့ရင်ထဲက စကားတွေ ရင်ဖွင့်လာပါတယ်။

ယုန်လေးကတော့ သူရိုက်ထားတဲ့ အက်ရှင်ဇာတ်ကားတွေဟာ အကယ်ဒမီမပေးလည်း ဆက်ရိုက်နေဦးမှာပဲလို့ ဆိုပါတယ်။ အကယ်ဒမီ ပေးပွဲက ဘက်လိုက်တယ်လို့လည်း သူ့ရင်ထဲကအတိုင်း ဝေဖန်ပြောပြလာတာ တွေ့ရပါတယ်။ 

Photo: Yone Lay



ယုန်လေးကတော့ ၂၀၁၉ ခုနှစ်အတွင်းမှာ သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် အကယ်ဒမီဆန်ခါတင်စာရင်းမှာ မပါဝင်လာတဲ့အပေါ် သူ့ရင်ထဲက စကားတွေကို အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။ 

“ မျှော်လင့်ချက် မရှိပေမယ့်လည်း ရင်ခုန်တာလေးတော့ဖြစ်တာပေါ့နော်။ ကိုယ့်ကားလေးများ ပါမလားပေါ့ ဒါတောင် ၃ ကား၊ ၄ ကားစာရင်းထဲမဟုတ်ဘူးနော် ကား ၄၀၊ ၃၀ လောက်မှာ ပါလားပဲ မျှော်လင့်မိတာ။ အဲဒီမှာ တောင် မပါဘူးဆိုတော့ တစ်သက်လုံးလည်းပါမှာ မဟုတ်ဘူး။ တစ်သက်လုံးလည်း ရအောင် ရိုက်မှာ မဟုတ်ဘူး။ ကိုယ်လုပ်ချင်တဲ့ဟာကို ပရိသတ်ကို စေတနာပါပါ ရိုက်ပြမယ်။ မေတ္တာ ရောင်ပြန်ဟပ်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Yone Lay

ယုန်လေးဟာ အကယ်ဒမီ ပေးပွဲနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ထင်မြင်ချက်ကို အခုလို သုံးသပ်ပြောပြလာပါတယ်။ အက်ရှင်ဇာတ်ကားတွေကို အကယ်ဒမီ မပေးလည်း ဆက်ရိုက်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ပြောပါတယ်။  

“ အကယ်ဒမီပွဲကိုလည်း ကျွန်တော်က ဘယ်လိုမှကို ရင်မခုန်တာ။ လူမိုက်ကားတွေရိုက်ရင် မပေးဘူးနော် ဆိုလည်း ကျွန်တော်က ရိုက်နေဦးမှာပဲ။ ကိုယ်ရူးသွပ်တဲ့အရာတစ်ခုကို ရိုက်တယ်။ ဘယ်လောက် ကောင်း ကောင်း Copy ဆိုရင် မပေးဘူး။ တခြားလူတွေ Copy ဆိုရင်ပေးတယ်။ အဲဒီလူကိုလည်း ကျွန်တော် အရမ်းချစ်ပါတယ် နာမည်တပ်မပြောတော့ဘူး။ အမှန်အတိုင်းပြောရရင် အကယ်ဒမီ ပေးပွဲက ဘက်လိုက်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၈ ရက်နေ့က တိုင်းရင်းသားပွဲတော်အတွက် စာနယ်ဇင်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Yone Lay

ယုန်လေးက အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး ရွှေကြိုရွေးချယ်မှုတွေကိုလည်း စိတ်ဝင်တစားရှိတာတွေ့ရပါတယ်။ ဒါပေမယ့် ရွှေကြိုတွေကို Voting စနစ်နဲ့ ရွေးချယ်တဲ့အပေါ်မှာတော့ ကန့်ကွက်ချင်တယ်လို့ သူကဆိုပါတယ်။ 

“ရွှေကြိုတွေ Voting တွေကတော့ ကျွန်တော် မကြိုက်ဘူး။ Voting ဆိုတာမျိုးက ပရိသတ်ရဲ့ အားပေးမှုကို ယူတာ မှန်တယ် ဒါပေမယ့် ပိုက်ဆံနဲ့တော့ မVote ခိုင်းနဲ့။ Facebook Page တစ်ခု လုပ်ပြီးတော့ Like ဘယ်လောက်အထိ များမလဲဆိုတာပဲ လုပ်လိုက်၊ အခုကကျတော့ စီးပွားရေး ဆန်တယ်လို့ မြင်တယ်။ idol တုန်းကလည်း အဆဲခံရတာပဲ။ ပိုက်ဆံနဲ့ Voting ဟုတ်တယ်ဆိုရင်တော့ ကျွန်တော်တော့မကြိုက်ဘူး" လို့ ဆိုပါတယ်။ 

Photo: Yone Lay

ယုန်လေးက လက်ရှိမှာ အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတာဖြစ်ပါတယ်။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးတွေကလည်း ပရိသတ်အကြိုက် အက်ရှင်ကားကြီးတွေ ဖြစ်ခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က