သားသမီးတွေကို အနုပညာအမွေ ပေးချင်ခဲ့တာပါ။

မင်းသူဟာ သား ဖြစ်သူကို အနုပညာအလုပ်တွေ လုပ်ခိုင်းဖို့ ခက်ပေမယ့် သမီးလေးတွေကတော့ အနုပညာလုပ်ဖို့ ဝါသနာပါကြတယ်လို့ဆိုပါတယ်။ 

photo: Min Thu



သရုပ်ဆောင် မင်းသူကတော့ သားတစ်ယောက်၊ သမီး နှစ်ယောက်ရဲ့ ဖခင်ပါ။ သူ့ရဲ့ အနုပညာအလုပ်တွေကို လက်ဆင့်ကမ်းပေးဖို့အတွက် သမီးလေး နှစ်ယောက်ရှိသေးတယ်လို့ Duwun ကနေပြောပြလာပါတယ်။ 

“ သမီးလေး နှစ်ယောက်မှာ တစ်ယောက်ကတော့ အခုမှ (၄) တန်း တက်မှာ။ တစ်ယောက်ကတော့ (၄) နှစ်ကျော်ပါပြီ။ အဲဒီ နှစ်ယောက်ကိုတော့ နည်းနည်း မျှော်လင့်လို့ရသေးတယ်။ သူတို့ ကြီးလာရင် ဘာလုပ်မယ် ဆိုတာကို အခုကတည်းက ဆုံးဖြတ်ချက် ချနိုင်တယ်။ သူတို့ကျောင်းပိတ်ရက်ဆို အစ်ကိုက ရှုတင်ခေါ်လေ့ရှိတော့ ကြီးလာရင် သရုပ်ဆောင် လုပ်မယ်လို့ပြောတယ်။ အစ်ကိုကလည်း လုပ်ရမယ်လို့ မပြောထားပေမယ့် သမီးတွေကိုယ်တိုင်က လုပ်ချင်တယ်လို့ ပြောလာရင် တတ်နိုင်သ၍ ပုခုံးထမ်းတင်ရမှာပေါ့” လို့ ရုပ်ရှင်အစည်းအရုံး အလှူမှာ ဖြေဆိုခဲ့တာပါ။ 

photo: Min Thu

မင်းသူဟာ သားသမီး (၃) ယောက်စလုံးကို သူတတ်ကျွမ်းထားတဲ့ အနုပညာအမွေတွေ ပေးချင်တာပါလို့ အမျိုးသမီးရေးရာပွဲအတွက် လေ့ကျင့်နေစဉ်တုန်းက Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ သို့ပေမယ့် သားဖြစ်သူ မင်းသန့် ကိုကို ကတော့ အနုပညာအလုပ်လုပ်ဖို့ ဝါသနာမပါခဲ့ဘူးလို့ ဆိုပါတယ်။ 

“ သားကတော့ အနုပညာအလုပ်ကို သိပ်ပြီးတော့ ဝါသနာပါလှတယ်လို့တော့ မရှိဘူး။ ဒါကြောင့် ဒီအလုပ်လုပ်ဖို့အတွက်တော့ ခဲယင်းတာပေါ့လေ။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဒီအလုပ်ကို ဝါသနာပါလို့ လျှောက်ခဲ့တဲ့ အတွက်ကြောင့် အတားအဆီးအခက်အခဲတွေကတော့ အရမ်းကိုများတယ်။ ဒါကို သူတို့ အနေနဲ့ နားလည်နိုင်ဖို့ ကျော်ဖြတ်နိုင်ဖို့ ဆိုတာ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ သူကတော့ အနုပညာအလုပ်ကို ဝါသနာမပါတော့ ပြောရ နည်းနည်း ခက်ခဲလိမ့်မယ်” ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံး အလှူကို လာရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

photo: Min Thu

မင်းသူကိုတော့ VCD အခွေတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အနုပညာသက်တမ်းကလည်း အခုဆိုရင် နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ မင်းသူက သူ့ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းမှာလည်း သားဖြစ်သူကို လက်တွဲခေါ်ဆောင်လာတာ တွေ့ရပါတယ်။ သူ့ရဲ့ သားအကြီးဆုံး မင်းသန့်ကိုကို ဟာ ၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင်တစ်ယောက်အဖြစ်ပါဝင်ခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က