ကိုယ်ကတော့ ကလေးလိုပဲ။

သက်မွန်မြင့်ကတော့ သူမတို့ရဲ့ ၅ နှစ်တာ အိမ်ထောင်သက်တမ်းမှာ မတူညီတဲ့ပြောင်းလဲမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်တွေနဲ့ မိသားစုကို အချိန်မျှမျှတတပေးနိုင်ဖို့ အတွက်လည်း ကြိုးစားနေပါတယ်တဲ့။

photo: Thet Mon Myint



သရုပ်ဆောင် သက်မွန်မြင့်က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ သူနဲ့ မတူညီတဲ့အချက်တွေကို ပြောပြလာပါတယ်။ ရင့်ကျက်တဲ့ ခင်ပွန်းအတွက်တော့ သက်မွန်က ကလေးတစ်ယောက်လိုပဲ ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’သူ့ရဲ့ ပုံစံ၊ သူ့ရဲ့ Type က လူကြီးဆန်တယ်၊ လူကြီးတစ်ယောက်လိုနေတယ်။ အလုပ်လုပ်တာကလည်း တကယ် လူကြီးနေရာက ဆိုတော့ ပုံစံပြောင်းတာပေါ့နော်။ ကိုယ်က ကျတော့ အိမ်မှာလည်း အငယ်ဆုံး၊ ဒီ အလုပ်လုပ်တဲ့အခါကျတော့လည်း ကိုယ်က အေးအေးချမ်းချမ်းပဲ နေတတ်တဲ့သူဆိုတော့ ရင့်ကျက်မှုကတော့ ကွာသွားတာပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းက ‘’Love Equation’’ ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ပြောခဲ့တာပါ။

Photo: Amazing Grace

သူမတို့ရဲ့ အိမ်ထောင်ရေးက အခုဆိုရင် ၅ နှစ်ကျော်နေပြီဖြစ်ပါတယ်။ ဒီ ၅ နှစ်တာ အတွင်းမှာလည်း လန်းဆန်းတဲ့ အချစ်ရေးတွေထက် သံယောဇဉ်က ပိုခိုင်မာနေတယ်လို့ သက်မွန်မြင့်က ပြောပါတယ်။

‘’ အိမ်ထောင်သက် ကြာလာတဲ့အခါကျတော့ သံယောဇဉ်တွေ ပိုကြီးလာတယ်။ လူငယ်တွေရဲ့ ချစ်ခြင်းထက် ပိုပြီးတော့ အေးမြလာတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ၊ သံယောဇဉ်တွေ၊ မေတ္တာတွေ နဲ့ တည်ဆောက်ကြတဲ့ အချစ်ဖြစ်သွားတာပေါ့နော်။ သူက ကလေးကို ယူထားသလိုုဖြစ်သွားတာပေါ့နော်။ အသက်ကတော့ ၁ နှစ်လောက်ပဲကွာတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း စနောက်ခဲ့ပါတယ်။

Photo: Amazing Grace

ခင်ပွန်းဖြစ်သူကိုစစ်နိုင်ဟာ သက်မွန်ကို မင်းသမီးတစ်ယောက်လို မထားနိုင်တာကြောင့် စိတ်မကောင်းဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒီစကားအပေါ်မှာလည်း သက်မွန်မြင့်က ပြန်လည်ဖြေရှင်းပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ဒီအလုပ်က အချိန်အရမ်းပေးရတဲ့အခါကျတော့ မိခင်တစ်ယောက်အနေနဲ့ ကလေးတွေ အပေါ်မှာ လစ်ဟာမှုရှိတာတွေကို သူက စိတ်မကောင်းဘူး။ ကလေးတွေကို မိခင်တစ်ယောက်အနေနဲ့ မေတ္တာ အပြည့်အဝ ပေးစေချင်တယ်။ ပြီးတော့ ကိုယ်လုပ်လိုက်လို့ရှိရင်လည်း အနုပညာဘက်မှာ လစ်ဟာတယ်ဆိုတော့ စိတ်မကောင်းပြန်ဘူး။ နှစ်ဘက်စလုံး မျှ အောင်လုပ်နေတဲ့ အချိန်မှာတော့ စိတ်ခံစားမှုလေးတွေတော့ ရှိမှာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: RBV

သက်မွန်မြင့်နဲ့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်တို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သားကြီး အားချစ်နဲ့ သမီးငယ် လဝန်းမေ တို့ကို ပိုင်ဆိုင်ထားတဲ့ မိသားစုလေးရှိလို့နေပါပြီ။ သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က