ရည်းစားထားဖို့ သေချာစဉ်းစားနေရတယ်တဲ့။

သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးငယ်လေး သဇင်ထူးမြင့်က အချစ်ရေးကို သေချာစဉ်းစားနေတယ်တဲ့။ သူမလေးဟာ အနုပညာရှင် တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်အချစ်တွေကို အများကြီးပိုင်ဆိုင်ထားတဲ့ မိန်းမချောလေး တစ်ယောက်ဖြစ်သလို သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။

ခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်ဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလေးလည်း ဖြစ်ပါတယ်။ အားလုံးက သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေက စိတ်ဝင်စားနေကြပေမယ့်လည်း သူမကတော့ ယောကျ်ားလေးတွေကို စိတ်ကုန်လို့ အချစ်ရေးကို သေချာစဉ်းစားနေရတယ်လို့ဆိုပါတယ်။

“ညီမရဲ့ အချစ်ရေးကတော့ ဒီတိုင်းပါပဲ၊ သေချာမစဉ်းစားချင်သေးပါဘူး။ ညီမမှာက အကိုနှစ်ယောက်လည်းရှိတယ်။ အဖေရယ် အကိုနှစ်ယောက်ရယ်ဆိုတော့ ယောကျ်ားလေးတွေရဲ့ စိတ်ကို နည်းနည်းသိနေတယ်ဆိုတော့ သေချာရွေးဖြစ်နေတာပေ့ါ။ သူတို့တွေကြားထဲမှာ နေလာတော့ သူတို့ကိုကြည့်ပြီး စိတ်ကုန်သွားတာတွေ ရှိတယ်။ မထားချင်ဘူး။ စိတ်ညစ်ရမှာတွေ့ပြီး မထားသေးတာ” လို့ သူမက Duwun Media သို့ ပြောပြခဲ့ပါတယ်။

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ဟာ မကြာခင်မှာ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ ရွှေကြိုမယ်အဖြစ် ပါဝင်ခွင့်ရခဲ့ပါပြီ။ သဇင်ထူးမြင့်က လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးကို အကျေနပ်ဆုံးဖြစ်တယ်လု့ိ ဆိုပါတယ်။ သူမလေးဟာ အနုပညာရှင် တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်အချစ်တွေကို အများကြီးပိုင်ဆိုင်ထားတဲ့ မိန်းမချောလေး တစ်ယောက်ဖြစ်ပါတယ်။

''ညီမအနေနဲ့တော့ အရမ်းကိုကောင်းတဲ့ မိသားစုလေးပါ။ ဖေဖေတို့ရဲ့ သမီးဖြစ်ရတာလည်း အရမ်းဝမ်းသာပါတယ်။ ညီမတို့ မိသားစုပုံစံ လေး ကတော့ ပေါ့ပေါ့ပါးပါးပါပဲ သိပ်ပြီးတော့ စိတ်ညစ်စရာဆိုတာလည်း မရှိဘူး တကယ်ကို နွေးထွေးပါတယ်။ ပျော်ရွှင်တဲ့ မိသားစုဘဝလေးရ လို့ လည်း အရမ်းကျေနပ်ပါတယ်'' လို့ ဆိုပါတယ်။

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲ ရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထားလုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါ တယ်လို့ သိရပါတယ်။



က္က