သူက အရမ်း လိမ္မာတဲ့ ကလေးပါ။

ကိုကိုဦးဟာ သားဖြစ်သူကို အနုပညာရှင်ကောင်း တစ်ယောက်ဖြစ်အောင် သွန်သင်ဆုံးမလေ့ရှိတဲ့အကြောင်းတွေ ပြောလာပါတယ်။ သားကိုလည်း ရင့်ကျက်လာအောင် ကြိုးစားစေချင်တယ်လို့ ဆိုပါတယ်။

Photo: Thiha Aung



အက်ရှင်မင်းသား ကိုကိုဦးကတော့ အနုပညာလမ်းကြောင်းပေါ်ကိုရောက်လာပြီဖြစ်တဲ့ သားဖြစ်သူ သီဟအောင်ရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ကိုလည်း သေသေချာချာ ဆုံးမသွန်သင်ဖြစ်တယ်လို့ Duwun Media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။

“ သူ့ကို ရင့်ကျက်ဖို့လည်း ကျွန်တော်တို့ သင်ပေးပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ဘယ်လို လျှောက်ရမယ်၊ ပရိသတ်ကို ဘယ်လို ဆက်ဆံရမယ်၊ ကိုယ့်ကို အားပေးလာတဲ့ ပရိသတ်တွေ အပေါ်မှာ ဒီ့ထက်မက အဆပေါင်းများစွာ တော်နေအောင် အကောင်းဆုံး ကြိုးစားရမယ်။ ဒါမှလည်း ပရိသတ် အားပေးမှုက တန်မှာလေ” ဆိုပြီးတော့ နိုဝင်ဘာလ ၁၅ ရက်နေ့က သီဟအောင်ရဲ့ မွေးနေ့မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Thiha Aung

သီဟအောင်က အခုလက်ရှိမှာလည်း ဗိုလ်ချုပ်ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်နေပြီလို့ သိရပါတယ်။ ဒါကလည်း သားဖြစ်သူကို တက်တူးမထိုးခိုင်းခဲ့တဲ့ အားသာချက်ကြောင့်ပါလို့ ကိုကိုဦးက ဖြေဆိုခဲ့ပါတယ်။

“ သူတော့ လိမ္မာတဲ့ ကလေးထဲမှာ ပါတယ်။ သူ့ကို တက်တူးမထိုးဖို့ ပြောထားတယ်။ တက်တူးထိုးရင် လူ့ဘဝကြီးက ဘယ်လိုဖြစ်တယ်၊ နိုင်ငံခြားသွားတဲ့ အခါမှာလည်း ကိုယ့်အခွင့်အရေးတွေက ဒီတက်တူးရှိနေရင် ဆုံးရှုံးမှုတွေရှိတယ်ဆိုတဲ့ အကြောင်းလေးတွေ ပြောပြတယ်။ ဒါပေမယ့် သူ့ရဲ့ ကိုယ်တွေ့မှာ ကြုံလိုက်ရတယ်ဆိုတော့ သိသွားတယ်။ ဗိုလ်ချုပ်ရုပ်ရှင်မှာ သူ့ကိုခေါ်တော့ ၃ ယောက်မှာ ၂ ယောက်က ပြုတ်သွားတယ်။သားက ဗိုလ်ချုပ်ရုပ်ရှင်မှာ ပါတယ်လေ။ ဘာကြောင့်လဲဆိုတော့ တက်တူးတွေ ပါလို့။ တက်တူးရှိနေရင် ဘယ်လို ဖြစ်တတ်တယ်ဆိုတာကို သူတွေ့သွားတယ်’’ ဆိုပြီးတော့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Thiha Aung

ကိုကိုဦးဟာ သားဖြစ်သူက အသက်တစ်နှစ် ကြီးလာပေမယ့်လည်း သူ့ရဲ့ မျက်လုံးထဲမှာတော့ ဘာမှ ပြောင်းလဲ သွားတာ မရှိဘူးဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါသေးတယ်။

“သူကတော့ အခုချိန်ထိ ကျွန်တော့်မျက်စိထဲမှာ ပြောင်းလဲမှုတော့ သိပ်မတွေ့ဘူး။ ကာတွန်းကားတော့ ဆက်ကြည့်နေတုန်းပဲ။ သူ့ကို ပြောင်းလဲဖို့ကတော့ သား သား ဆိုပြီးတော့ သူ့ကိုယ်သူ ပြောတာဆိုတော့ ကျွန်တော် ဆိုပြီးတော့ ပြောကြည့်ပါလားပေါ့။ သူ ကြိုးစားပြီး ပြောသေးတယ် နောက်တော့လည်း သား ဖြစ်သွားတာပါပဲ’’ လို့ ဆိုပါတယ်။

ကိုကိုဦးကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုတွေရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ လူကြမ်းသရုပ် ဆောင်ဆိုတဲ့အတိုင်း ပရိသတ်တွေရဲ့ အမုန်းကို ခံခဲ့ရသူဖြစ်ပါတယ်။ သားဖြစ်သူ သီဟအောင်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြိုမောင် တစ်ဦးအနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က