အချိန်လည်း သိပ်မပေးဖြစ်တော့လို့ပါ။


ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းက လက်ရှိမှာသာယာတဲ့ မိသားစုလေးကို ထူထောင်ထားပြီး စီးပွားရေးဘက်ကို ဦးစားပေးလုပ်ကိုင်လျက်ရှိပါတယ်။ အခုချိန်ထိ သူ့ကို အားပေးနေတဲ့ ပရိသတ်တွေကတော့ သူရဲ့ အနုပညာလှုပ်ရှားမှုတွေကို တောင့်တနေဆဲပါ။



Photo : ပိုင်ဇေရဲထွန်း

ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းက လက်ရှိမှာ စီးပွားရေးဘက်ကို ဦးစားပေး လုပ်ကိုင်လျက်ရှိပါတယ်။ စီးပွားရေးဘက်ကို တစိုက်မတ်မတ်လုပ်ကိုင်နေတဲ့ သူ့ကို ပရိသတ်က အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်စေချင်ကြပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးသွားပြီလို့ ခံစားရတဲ့အတွက် အနုပညာအလုပ်တွေကို ပြန်လုပ်ဖို့ မစဉ်းစားတော့တာလို့ ဆိုပါတယ်။

“အနုပညာအလုပ်တွေ လုပ်ကိုင်ဖို့ဆိုတာကတော့ အသက်ကြီးသွားပြီလို့ ယူဆသွားတဲ့အတွက် မလုပ်ဖြစ်တော့ပါဘူး။ မလုပ်ဖြစ်ဖို့ တော်တော်များပါတယ်။ အဓိကတော့ အနုပညာအလုပ်ထဲကို ထဲထဲဝင်ဝင်အချိန်မပေးဖြစ်တော့လို့။ စီးပွားရေးအလုပ်ရယ် မိသားစုရေးရယ်ကို ပိုပြီး အချိန်ပေးဖြစ်တာပါ” လို့ ပိုင်ဇေရဲထွန်းက Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

Photo : ပိုင်ဇေရဲထွန်း

သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်တို့ရဲ့ အိမ်ထောင်ရေးအကြောင်းတွေကို ပြောပြခဲ့ပါတယ်။ ဇင်သဲနိုင်အတွက်တော့ ခင်ပွန်း ဖြစ်သူ ပိုင်ဇေရဲထွန်းဟာ မရှိမဖြစ် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်တယ်လို့လည်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အစ်မအတွက်တော့ အစ်မယောကျ်ားက အစ်မတို့ မိသားစုလေးကို နွေးထွေးစေတယ်။ လုံခြုံမှုပေးတယ်၊ အစ်မဘက်မှာ မားမားမတ်မတ် ရပ်တည်ပေးတယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေပဲရှိရှိ အစ်မတို့ဘက်ကနေ ရပ်တည်ပေးတယ်။ သူက မိသားစုအတွက် တံတိုင်းပဲပေါ့ နော်။ ခင်ပွန်းရှိမှတင့်တယ်မှာ အစ်မတို့ ဘာလိုလို ပံ့ပိုးပေးနိုင်တယ်'' လို့ ဆိုပါတယ်။

Photo : ပိုင်ဇေရဲထွန်း

ုပ်ရည်ချောမောလှပပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ ဇနီးချောလေးတို့က ဒီနေ့(မေလ၂၅ရက်)မှာ အိမ်ထောင်သက်တမ်း (၁၃)နှစ်တိုင်ခဲ့ပါပြီ။ ပိုင်ဇေရဲထွန်း အသက်(၂၈)နှစ် နဲ့ ဇနီးဖြစ်သူက အသက်(၁၈)နှစ်မှာ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အခုဆိုရင် ရင်သွေးလေး သုံးယောက်နဲ့ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။



က္က