တစ်ယောက်တည်း နေဖြစ်ဖို့များပါတယ်။
Sabal Thwin

ခင်ဝင့်ဝါကတော့ အချစ်ရေးဆိုတာထက် အသက်ကြီးလာရင် ဘဝကို ဘယ်လို ဖြတ်သန်းရမယ်ဆိုတာကို အမြဲတွေးနေတတ်သူပါတဲ့။ သူမ မှီခိုရမယ့် လက်မောင်းပိုင်ရှင် မရှိသေးဘူးလို့ ဆိုပါတယ်။ 

Photo: A Linn Young



ခင်ဝင့်ဝါကတော့ သူမရဲ့ ဘဝမှာ အသက်ကြီးတဲ့အထိ လက်တွဲသွားမယ့် ချစ်သူမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ အချစ်ရေးဆိုတာထက် အလုပ်တွေကိုပဲ အရင်ကထက် ပိုရွေးချယ်ပြီး ကြိုးစားသွားမယ်လို့ မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကိုယ်ချစ်ပါတယ်ဆိုတဲ့ သူတွေကိုတောင်မှ တစ်နေ့ ခွဲကြရတာပဲ။ တစ်ယောက်တည်းပဲဖြစ်ဖို့ များမယ်ထင်ပါတယ်။ အသက်ကြီးလာရင် မှီတွယ်ရမယ့် လက်မောင်းကို လည်း ရှာမတွေ့သေးပါဘူး။ အခုချိန်မှာတော့ အလုပ်တွေကို အရင်ကထက် ပိုပြီး စိစစ်ပြီးတော့ ရိုက်ကူးသွားမှာပါ။ ၂၀၂၀ မှာ ၂၀၁၉ ထက်ပိုကြိုးစားခွင့်ရဖို့လည်း မျှော်လင့်ထားပါတယ်” လို့သူကဆိုပါတယ်။  

Photo: Ko Bhone

လူငယ်တစ်ယောက်ဆိုပေမယ့် ရှေ့ဆက်ရမယ့် အနာဂတ် ခရီးကို ကြိုတင်တွေးတတ်တယ်လို့ ခင်ဝင့်ဝါက ပြောပါတယ်။ ကျန်ရှိနေတဲ့ သူမရဲ့ ဘဝမှာ အေးအေးချမ်းချမ်းဖြတ်သန်းဖို့ မျှော်လင့်တယ်လို့ ဇန်နဝါရီလ ၁၈ ရက်နေ့က “Only Me” ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“လူဆိုတာ တစ်နေ့ ငယ်ရာကနေ ကြီးလာကြတာပဲလေ။ တစ်နေ့တော့ ကိုယ်လည်း အသက်ကြီးရမှာပဲလေ ။ အသက်ကြီးလာမယ်ဆိုတာကို တွေးလည်း တွေးထားတယ်။ ကိုယ်အသက်ကြီးလာရင် ဘယ်လိုနေထိုင်မလဲ ဆိုတာကိုလည်း စဉ်းစားထားတယ်။ ကျန်ရှိနေတဲ့ ဘဝကိုလည်း အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တယ်” ဆိုပြီးတော့ ပြောပြခဲ့ပြန်ပါသေးတယ်။ 

Photo: Khin Wint Wah

ခင်ဝင့်ဝါဟာ အချစ်ရေးအကြောင်းအရာတွေအပေါ် သေသေချာချာ လေးလေးနက်နက် တွေးတတ်သူ တစ်ယောက်ပါ။ ဒါပေမယ့် သူမကတော့ အချစ်ဆရာမကြီးတစ်ယောက်မဟုတ်ဘူးလို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

“ အချစ်ရေးမှာ ဆရာမကြီးလို့လည်းပြောလို့မရပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်လိုမှ မခံယူထားဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပုံစံမျိုးနဲ့ အေးအေးဆေးဆေး နေလို့ရမလဲ၊ ကိုယ့်မိသားစုက ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ စိတ်ချနိုင်မယ့် နေရာတစ်ခုခုဆိုရင်ရော ဆိုပြီးတော့ ကိုယ့်ဘာသာကိုယ် တွေးရင်းနဲ့ပဲ စဉ်းစားဆုံးဖြတ်ရတာပေါ့” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Khin Wint Wah

ခင်ဝင့်ဝါကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အခုချိန်မှာတော့ တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ မင်းသမီးချောလေး ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က