အခုမှ ပြုံးတတ်အောင် နေရတယ်။

စိုးမြတ်သူဇာကတော့ ပရိသတ်တွေကြားထဲရောက်ရင် အရင်တုန်းကနဲ့ မတူအောင် ပြုံးနေတတ်ပြီလို့ ဆိုလာပါတယ်။ 

စိုးမြတ်သူဇာကတော့ အေးအေးဆေးဆေးနဲ့ ခပ်တည်တည်နေတတ်တဲ့ အမျိုးသမီးတွေထဲမှာ ပါတယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ ပရိသတ်တွေအရှေ့ရောက်ရင် မျက်နှာ ခပ်တည်တည်မနေဖြစ်အောင် ကြိုးစားနေတယ်လို့ မီဒီယာတွေကို ပြောပြလာပါတယ်။ 



" မကြီးမျက်နှာက အရင်ကဆို လူကြားထဲရောက်လေ မျက်နှာက ပိုကျလေ၊ ပိုအိုလေပဲ။ မျက်နှာက တည်တော့ လူတွေက ကြောက်ကြတယ်လေ။ ဒါကြောင့် ကိုယ့်မျက်နှာကြီး မာ မနေအောင် အတတ်နိုင်ဆုံးတော့ ပြင်နေပါတယ်။ အရင်တုန်းက မကြီး မျက်နှာက တင်းနေရင် သူများတွေ အရှေ့မှာ ပြုံးနေရမယ် ဆိုတာကို သဘောမပေါက်ဘူး။ အသက်ကြီးလာတော့မှ လူတွေအရှေ့ရောက်ရင် ပြုံးထားရမယ် ဆိုတာ သိလာတယ်။ ကိုယ် အသက်ကြီးလာမှပဲ ကိုယ့်ကို ပိုချစ်လာကြတယ်လို့ ခံစားရတယ်" ဆိုပြီးတော့ ထာဝရ ဝိန့်စိန် ရွှေဆိုင်ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

စိုးမြတ်သူဇာဟာ သူမရဲ့ မျက်နှာအနေအထား မာမာတင်းတင်း နေခဲ့တာကြောင့် ပြည်ပမှာ သွားရောက်နေထိုင်ခဲ့တုန်းက အမှတ်တရ တစ်ခုကို ပြန်လည် ပြောပြလာပါတယ်။ 

" မျက်နှာတင်းထားခဲ့တုန်းက အခက်အခဲတွေ ကြုံခဲ့ရတယ်။ မှတ်မှတ်ရရ နိုင်ငံခြားမှာ မကြီးနေတုန်းကဆိုရင် အလုပ်အတူတူလုပ်နေတဲ့ ဘိုမတစ်ယောက်က ဘေးကနေပြီးတော့ နင်စိတ်ဆိုးနေတာလား လို့ လာမေးတယ်။ ငါ စိတ်မဆိုးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နင့်မျက်နှာကြီးက တင်းနေလို့ ဆိုပြီးတော့ လာပြောတယ်။ တော်တော်ကြီးလည်း တရားရဖို့ကောင်းတယ်။ မြန်မာတောင် မဟုတ်ဘူး ဘိုမက လာမေးတာ တော်ရုံသတ္တိနဲ့တော့ မရလောက်ဘူး" လို့ ဆက်လက် ပြောပြလာပါတယ်။ 

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က