မွေးနေ့မှာ အလှူအတန်းတွေ ပြုလုပ်လို့နေပါတယ်။
Ei Ei Myat

အဆိုတော်ဖြိုးမြတ်အောင်က မိသားစုနဲ့အတူတူ အလှူအတန်းတွေပြုလုပ်ရင်း မွေးနေ့ကို ဖြတ်သန်းလို့ နေပါတယ်။

 

ဒီနေ့( ဇူလိုင်၉ရက်)က အဆိုတော် ဖြိုးမြတ်အောင်ရဲ့ အသက်(၂၈) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ မွေးနေ့ မှာ မိသားစုတွေနဲ့အတူ ကျိုက်ဝိုင်းဘုရားလမ်းပေါ်က ပစ္စိမဓမ္မရုံမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။

“ဒီနေ့က ကျွန်တော့်အသက်(၂၈)နှစ် ပြည့်မွေးနေ့ပေ့ါ။ဒီနေ့ မိသားစုတွေနဲ့အတူတူ သံဃာတော်တွေကို ဝတ္ထုငွေကပ်တယ် ဝါဆိုသင်္ကန်းကပ်တယ်။ဒီနေ့ညနေတော့မိသားစုနဲ့အတူတူ ပဲခူးဘုရားဖူးသွားဖို့ လုပ်ထားတယ်” လို့ သူက ဒီနေ့ မွေးနေ့အလှူမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်က ကိုဗစ်ကာလအတွင်းမှာ သူငယ်ချင်းတွေနဲ့အတူ သီချင်းအသစ်တွေ ဖန်တီးနေသလို ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေတာ တွေ့ရပါတယ်။

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

 


Author

  • Ei Ei Myat

    Senior Reporter


က္က