ဝေဖန်မှုတွေကို ခံနိုင်အောင် ကြိုးစားပ့ါမယ်တဲ့။

ဝေဖန်မှုတွေခံနေရပေမယ့်လည်း သူမကို ချစ်တဲ့ပရိသတ်တွေ ရှိနေတဲ့အတွက် ကျေနပ်တယ်လို့ ဆိုပါတယ်။ Myanmar Idol မှာ Winner ဖြစ်ဖို့ထက် အောင်မြင်တဲ့အဆိုတော် တစ်ယောက် ဖြစ်ချင်တယ်လို့ သူမက ပြောပါတယ်။

Photo: Aye Mya Phyu



ပြိုင်ပွဲဝင်တွေ အကုန်လုံး တစ်ယောက်တစ်မျိုးစီ ဝေဖန်တိုက်ခိုက်မှုတွေကို ခံနေရတာကြောင့် သူမအနေနဲ့ အတတ်နိုင်ဆုံး strong ဖြစ်အောင် နေသွားမယ်လို့ အေးမြဖြူက ဆိုပါတယ်။အသက်(၁၇)နှစ်အရွယ်နဲ့ ဝေဖန်မှုတွေကိုခံနေရပေမယ့်လည်း သူမအနေနဲ့ ခံနိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

"အဓိက သမီးကို ဝေဖန်မှုတွေ ရှိတယ်။တိုက်ခိုက်မှုတွေကလည်း ရှိတယ်။ Top 5 ရောက်လာပြီဆိုတော့ လူတိုင်းတစ်ယောက်တစ်မျိုးစီတော့ ရှိတယ်။တိုက်ခိုက်မခံရတဲ့သူဆိုတောတော့ မရှိဘူးပေ့ါ။ သမီးအတက်နိုင်ဆုံး ခံနိုင်အောင်နေတယ်။တချို့တွေကျတော့ တိုက်ခိုက်မှုတွေ အများကြီးရှိတယ်။သမိးက ငယ်ငယ်ကတည်းက ပရိသတ်တွေသိတဲ့သူဖြစ်နေတော့ အခုပြိုင်တဲ့အချိန်မှာ ကြိုက်တဲ့သူတွေ ရှိသလို မကြိုက်တဲ့ သူတွေလည်း ရှိတယ်။ သမီးတိုက်ခိုက်တာကို ခံနိုင်ပါတယ်။ ခံနိုင်အောင်လို့လည်း ကြိုးစားနေပါတယ်။ အသက်(၁၇)နှစ်လေးကို ပြောနေကြတယ်ပေ့ါနော်။ဘယ်လိုလုပ်ခံနိုင်မှာလဲပေ့ါနော်။ သမီးခံနိုင်ပါတယ်။ခံနိုင်အောင် လည်းကြိုးစားနေပါတယ်” လို့ သူမက ဆိုပါတယ်။

Photo: Aye Mya Phyu

ဘယ်လောက်ပဲ ဝေဖန်တိုက်ခိုက်နေကြပါစေ သူမကို ချစ်တဲ့ပရိသတ်တွေ ရှိနေသ၍ သူမဆက်ပြီး ကြိုးစားနေမှာပါလို့ဆိုပါတယ်။

“ဘယ်လောက်ပဲ ပြောပြာ သမီးကို ချစ်တဲ့သူတွေ ရှိနေရင် သမီးကျေနပ်ပါတယ်။ငယ်ငယ်လေးကတည်းက အားပေးတဲ့ပရိသတ်တွေအခုချိန်ထိ ရှိတယ်။ ပြီးတော့ အခုချိန်မှာ အားပေးတဲ့သူေ တွလည်းရှိတော့ သမီးအားတွေပိုရလာတယ်” လို့ သူမက ဆက်လက်ပြောခဲ့ပါတယ်။

Photo: Aye Mya Phyu

သူမအနေနဲ့ Myanmar Idol ပြိုင်ပွဲမှာ Winner ရဖို့မရဖို့ထက် အနုပညာလမ်းကြောင်းမှာအောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုပါတယ်။အဲဒါကြောင့်လည်း ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တာပါတဲ့။

“အနုပညာလမ်းကို ဆက်လျှောက်တဲ့အချိန်မှာ အာတွေရသွားပြီ။ Winner ဖြစ်ဖို့မဖြစ်ဖို့က အဓိက မဟုတ်ဘူး။အနုပညာလမ်းခရီးမှာ အောင်မြင်တဲ့အဆိုတော် ဖြစ်ချင်တယ်အဲ့ဒါကြောင့်သမီးဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တယ်။အဲ့ဒါကြောင့် တိုက်ခိုကတာတွေရှိပေမယ့်လည်း strong ဖြစ်အောင်နေမှာပါ"” လို့ ဆိုပါတယ်။

Photo: Aye Mya Phyu

အေးမြဖြူကတော့ Myanmar idol (Season-4) မှာ Top-11 နေရာမှာ ပါဝင်နေတာဖြစ်ပါတယ်။ သူ့ကို Vote ပေးနိုင်မယ့် နံပတ်ကတော့ No.77711 ဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက သီချင်းတွေလည်း ဆိုခဲ့တဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က