ဘုန်းမင်းနေလကလည်း ကြိုးစားသွားပါမယ်တဲ့။

ခင်ဇာခြည်ကျော်ဟာ သားဖြစ်သူရဲ့ အနုပညာဝါသနာအပေါ် ပံ့ပိုးပေးသွားမယ့် အရာတွေရှိတယ်လို့ ဆိုပါတယ်။ ဘုန်းမင်းနေလကလည်း ဒီအနုပညာအလုပ်အတွက် အားတတ်သရော ကြိုးစားသွားပါမယ်။

Photo: KHin Zar Kyi Kyaw



သရုပ်ဆောင် ခင်ဇာခြည်ကျော်က သားဖြစ်သူ ဘုန်းမင်းနေလရဲ့ အနုပညာနဲ့ပတ်သက်ပြီး သူမရဲ့ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ဒါပေမယ့် ပညာရေးကိုသာ ဦးစားပေးစေချင်တယ်လို့ဆိုပါတယ်။

‘’ ပြောရရင်တော့ အစ်မက ပညာရေးကို ပိုဦးစားပေးပြီးတော့ သွားချင်တာပေါ့နော်။ ဒါပေမယ့်လည်း အခုဟာက ဒီလမ်းကြောင်းအပေါ်ရောက်ပြီးပြီဆိုတော့ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီးတော့ လိုအပ်တဲ့ ကိုယ်ခံပညာတို့ ဖိုက်တင်ကားရိုက်တဲ့အခါမှာ လိုအပ်တယ်လေ။ အရပ်ရှည်ဖို့ဆို ရေကူးတာတို့ စတဲ့သင်တန်းတွေ တက်စေချင်ပါသေးတယ်’’ လို့ 2.9 ရွှေဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: KHin Zar Kyi Kyaw

အဲဒီနောက် ဘုန်းမင်းနေလ ကိုယ်တိုင်ကလည်း သူ့ရဲ့ အနုပညာဝါသနာနဲ့ ပတ်သက်ပြီး ရည်မှန်းချက်ကိုလည်း အခုလို ပြောပြထားပါတယ်။

‘’ကျွန်တော်က အခုမှ မင်းသားပိုးဝင်တာ မဟုတ်ပါဘူး။ အစကတည်းက အနုပညာအလုပ်ကို ဝါသနာပါတာပါ။ လမ်းကြောင်း ပွင့်ရင် ပွင့်သလို အနုပညာအလုပ်ကတော့ လုပ်နေဦးမှာပါပဲ။ ဒါက ကျွန်တော် ရှေ့တန်းတင်တဲ့ကိစ္စ၊ အရေးပေးတဲ့ ကိစ္စဆိုတော့ ကိုယ်လုပ်ချင်တဲ့ဟာကို ကိုယ်လုပ်တာပေါ့နော်။ ရွှေကြိုလုပ်ပြီးတဲ့နောက်ပိုင်းမှာ လူပိုသိလာတယ်။ အဲဒီ့အတွက်လည်း ကျေနပ်တယ်’’ လု့ိ ဆက်လက်ပြောပြလာပါတယ်။

Photo: KHin Zar Kyi Kyaw

ခင်ဇာခြည်ကျော်မှာတော့ မိန်းကလေးပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားတဲ့ သားကြီး ဘုန်းမင်းနေလ နဲ့ ချစ်စရာကောင်းတဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားပါတယ်။ သားကြီး ဘုန်းမင်းနေလဟာ ပညာရေးမှာလည်း ကြိုးစားနေသလို သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလည်း တတ်နိုင်သလောက် လုပ်နေတာတွေ့ရပါတယ်။



က္က