ခိုင်မာတဲ့ အားပေးမှုရှိဖို့ ကြိုးစားမယ်။
Sabal Thwin

ဒေါင်းကတော့ ပရိသတ်တွေအတွက် အကုသိုလ်ကင်းတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။ The Pride Myanmar ဆုပေးပွဲမှာ ဆုရရင် ပရိသတ်တွေဂုဏ်ယူရမှာပါတဲ့။

ဒေါင်းဟာ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်လာပြီဖြစ်တဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေကိုလည်း အရမ်းဦးစားပေးတတ်သူတစ်ယောက်ပါ။ ဒါကြောင့် ပရိသတ်အားပေးရကျိုးနပ်မယ့် အနုပညာသမားတစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒတွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ အနုပညာအလုပ်လုပ်တာဆိုတော့ အနုပညာသမားတစ်ယောက်ဖြစ်ဖို့အတွက် အကောင်းဆုံး အလုပ်လုပ်မယ်။ ပရိသတ်အတွက် စေတနာပါတဲ့ အနုပညာ၊ အကုသိုလ်ကင်းတဲ့ အနုပညာသမားဖြစ်အောင် ကျွန်တော် ကြိုးစားမယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့က “၁၀၁၄” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်ပြောပြခဲ့တာပါ။

Photo: 1014 Film

နေတိုးနဲ့ ဒေါင်းတို့ဟာ Myanmar's Pride Award 2019 ဆုအတွက် သရုပ်ဆောင်လောကဘက်မှ မင်းသားနှစ်ယောက်အဖြစ် ဆန်ခါတင်ပါဝင်လာတာ တွေ့ရပါတယ်။ ဒီဆုပေးပွဲဟာ သရုပ်ဆောင်အတတ်ပညာနဲ့ ပတ်သက်ပြီး မိမိမဟုတ်သောတခြားသောသူတစ်ယောက်အဖြစ်စိတ်ဝိဉာဉ်အားနက်နက်နဲနဲခံစား‌လေ့လာကာအသက်ဝင်အောင်ပြုလုပ်ရခြင်း စတဲ့အချက်တွေနဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ။ ဒီဆုပေးပွဲအပေါ် ဒေါင်းရဲ့ သဘောထားကို အခုလို ပြောပြလာခဲ့ပါသေးတယ်။

“The Pride Myanmar မှာ ကိုနေတိုးနဲ့အတူ မဲပေးကြတဲ့အပေါ်မှာလည်း ဘာမှတော့ မပြောချင်ပါဘူး။ အကယ်၍ ပရိသတ်ပေးတဲ့ ဆုများရခဲ့ရင် ဂုဏ်ယူမှာပါ။ ကိုနေတိုးရလည်း ပျော်မှာပဲ။ ကိုနေတိုးရရင်လည်း သူ့ပရိသတ်တွေ ဂုဏ်ယူရမယ်ထင်တယ်။ ကျွန်တော်ရရင်လည်း ကျွန်တော့် ပရိသတ်တွေ ဂုဏ်ယူရမှာပါပဲ။ နောက်ဆုံးတော့လည်း ပရိသတ်ကို ကျေးဇူးတင်ရတာပါပဲ” လို့ ဆိုပါတယ်။

Photo: 1014 Film

ဒေါင်းကိုချစ်တဲ့ ပရိသတ်တွေရဲ့ အချစ်ကတော့ တကယ်ကို အံ့မခန်းပါပဲ။ သူ့ရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း မှတ်တမ်းယူလေ့ရှိကြတာ တွေ့ရပါတယ်။ ဒေါင်းကတော့ ပရိသတ်အချစ်တွေ ခိုင်မာဖို့ အလုပ်တွေ ပိုကြိုးစားမယ်လို့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

“ ကျွန်တော့်အပေါ် ပရိသတ်တွေက အစွဲကြီးတယ်လို့ မယူဆဘူး။ ပရိသတ်ဆိုတာ ကိုယ်အားပေးချင်တဲ့ အကြောင်းအရာရှိမှ လူတစ်ယောက်ကို အားပေးမှာပါ။ အဲဒီအတွက် အကြောင်းအရာ ခိုင်လုံအောင် တည်ဆောက်ရမယ်၊ ခိုင်မာအောင် တည်ဆောက်ရမယ်။ အဲဒါက ကျွန်တော်တို့ အလုပ်ဖြစ်တဲ့အတွက် ပိုကြိုးစားသွားမှာပါ” လို့ သူကဆိုပါတယ်။

Photo: 1014 Film

မိန်းကလေး ပရိသတ်အများစုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းက အခုဆိုရင် အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ကိုင်လာရပါပြီ။ သူ့ကိုတော့ ‘’ပုဂံမြို့သူ’’ ရုပ်သံ ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာရတာကို တွေ့ရပါတယ်။ မကြာခင် ရုံတင်ပြသတော့မယ့် "၁၀၁၄" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က