သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။

ညီနန္ဒ အနေနဲ့ အနုပညာအလုပ်တွေ ပြန်မလုပ်ခင်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ ငွေကြေးအခက်အခဲတွေကို အကောင်းဆုံး ဖြစ်လာအောင် ကြိုးစားနေတယ်လို့ဆိုပါတယ်။

Photo: Nyi Nanda



ညီနန္ဒဟာ လက်ရှိမှာ ထောပတ်ထမင်းရောင်းပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းနေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ ရရှိလာတဲ့ ငွေကြေးတွေ ထဲက အကြွေးကိစ္စတွေလည်း ဖြေရှင်းရတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ဒီရက်ထဲမှာတော့ အစ်ကို ပေးနိုင်သလောက် အကြွေးတွေထဲက နည်းနည်းစီပေးတယ်။ အခုချိန်မှာ အစ်ကို့အတွက် စိတ်ညစ်စရာဆိုလို့ အကြွေးကိစ္စတွေပဲရှိတယ်။ ဒါပေမယ့် ဒါတွေကို ခေါင်းထဲမှာ တွေးထားလည်း ရှင်းသွားနိုင်တာမှ မဟုတ်တာ။ တကယ်တမ်းကတော့ အစ်ကိုသည် ပေးနိုင်တဲ့ အချိန်မှာ ပေးဖို့က အဓိက လိုအပ်တယ်။ ပေးနိုင်တဲ့ အချိန်မှာ မပေးတဲ့လူကတော့ ကောင်းတဲ့ လူတစ်ယောက် မဟုတ်ဘူး” လို့ ဆိုပါတယ်။ 

Photo: Nyi Nanda

အခုလို အကြွေးကိစ္စတွေကိုလည်း ခေါင်းထဲမှာ အကြာကြီးထားပြီး မတွေးထားဘူးလို့ ညီနန္ဒက ဆိုပါတယ်။ 

“ အခုချိန်မှာ ဒီအကြွေးကိစ္စတွေ၊ စီးပွားရေးနဲ့ပတ်သက်ပြီး Plan တွေချတယ်။ အမှုတစ်ခုကိုလည်း အစ်ကိုတို့ရှင်းလိုက်တယ်။ စိတ်ညစ်စရာတစ်ခုကို အရမ်းကြီးတွေးပြီး ခေါင်းထဲမှာ စဉ်းစားနေမယ်ဆိုရင်တော့ ရှေ့ဆက်ပြီးတော့ ခြေလှမ်း လှမ်းလို့ရမှာ မဟုတ်တော့ဘူး။ အဓိက က ကိုယ်လုပ်စရာရှိတာ လုပ်ရမယ်၊ လိပ်ပြာသန့်ဖို့တော့ လိုတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nyi Nanda

ညီနန္ဒကိုတော့ Music Video တွေ၊ ဗီဒီယို ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ သိရှိလာခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ စီးပွားရေးလုပ်ငန်းကို ဦးစားပေးခဲ့ချိန်မှာတော့ အနုပညာလောကနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်ကစပြီး ဒုတိယအကြိမ် အနုပညာလောကထဲကို ဝင်ရောက်လာပြီး " နေရယ် လရယ် အမှန်တရားရယ်" ဇာတ်လမ်းတွဲနဲ့ ပရိသတ် အရှေ့ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ပြန်လည် ရိုက်ကူးနေရပြီဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က