ဝင်ငွေစုဆောင်းမိလာတဲ့ အချိန်မှာ အကြွေးဆပ်မယ်။

ညီနန္ဒဟာ အနုပညာအလုပ်တွေ ပြန်မလုပ်ခင်ကာလမှာ တင်ခဲ့တဲ့ အကြွေးတွေကို စီးပွားရေး အဆင်ပြေလာတဲ့ အချိန်ကျရင် အကုန်ဆပ်ချင်တယ်လို့ ပြောပါတယ်။ 

ညီနန္ဒကတော့ လက်ရှိလုပ်ကိုင်နေတဲ့ ထောပတ်ထမင်းရောင်းတဲ့ အလုပ်ဟာ အောင်မြင်မှုရနေတာကို တွေ့ရပါတယ်။ သူဟာ စီးပွားရေး ပိုကောင်းလာရင် အကြွေးတွေ အကုန်ဆပ်ချင်တယ်လို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။



“ လုပ်ငန်းက နည်းနည်းကြီးလာတာနဲ့ အမျှ ငွေထပ်စိုက်လာရတယ်။ ဝယ်ရခြမ်းရတာတွေ အများကြီးရှိတာပေါ့။ အဲဒီထက်ပိုပြီး စုမိဆောင်းမိလာပြီဆိုရင် ပထမဦးဆုံး နံပါတ်(၁) က အကြွေးတွေ ဆပ်မယ်။ အနုပညာအလုပ်တွေ စလုပ်ကတည်းက ပြောဖူးပါတယ်။ အစ်ကို ပေးရမယ့်သူတွေ အများကြီးရှိတယ်။ အဆင်ပြေတဲ့သူတွေရှိသလို မပြေတဲ့သူတွေလည်းရှိတယ်၊ သူတို့ ပြေပြေ မပြေပြေ ပေါ့။ အစ်ကိုနေ့တိုင်းဆုတောင်းတာ တစ်ခုရှိတယ် အကြွေးကင်းစင်တဲ့ မိသားစုဘဝရောက်ဖို့ဆုတောင်းတယ်" ဆိုပြီးတော့ ဇွန်လ ၁၈ ရက်နေ့က ထောပတ်ထမင်း နာမည်ပေးပွဲမှာ ဖြေဆိုခဲ့တာပါ။ 

ညီနန္ဒဟာ ဇွန်လ ၁၈ ရက်နေ့တုန်းက သူ့ရဲ့ ထောပတ်ထမင်းကို “ကိုနန္ဒ” ဆိုပြီးတော့ နာမည်ပေးခဲ့ပါတယ်။ ဇွန်လ (၂၄) ရက်နေ့မှာ ထောပတ်ထမင်းရောင်းတာ (၂) လပြည့်မယ်လို့လည်း သူက ပြောပါတယ်။ 

“ နာမည်ကို ထွေထွေထူးထူး ပေးထားတာမျိုးလည်း မဟုတ်တဲ့အတွက် ထောပတ်ထမင်းကို ကိုနန္ဒ ထောပတ် ထမင်းဆိုပြီးတော့ နာမည်ပေးထားပါတယ်။ ဒီနာမည်လေးနဲ့ပဲ အစ်ကိုတို့ အခုလိုင်စင် လျှောက်မယ်။ ထောပတ်ထမင်းကို ဒီနာမည် ဒီ Logo နဲ့ပဲ ရောင်းချသွားမှာပါ။ ထောပတ်ထမင်းလုပ်ရောင်းတဲ့ သက်တမ်းကလည်း (၂၄) ရက်နေ့ကျမှ သက်တမ်းက ၂ လပြည့်မှာပါ” ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

ညီနန္ဒရဲ့ ထောပတ်ထမင်းကို စားသုံးဖူးကြတဲ့ အနုပညာမောင်နှမတွေဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ လွင်မိုး၊ ဒါရိုက်တာ ကိုပေါက်၊ သရုပ်ဆောင် ဆုပန်ထွာတို့ကလည်း အွန်လိုင်း စာမျက်နှာပေါ်ကနေတဆင့် အရသာရှိတဲ့အကြောင်း၊ လုပ်ငန်း အောင်မြင်စေချင်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ညီနန္ဒ ကိုယ်တိုင်ကလည်း ထောပတ်ထမင်းလုပ်ငန်းကို ရေရှည်လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

ညီနန္ဒကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကိုလည်း တွေ့ရပါတယ်။ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာချိန်မှာ သူ့ကို လက်တွဲခေါ်ယူခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ကိုလည်း ကျေးဇူးတင်တဲ့အကြောင်းတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က