(၆) ကားတိတိ ပါဝင်ထားပါတယ်။

၂၀၁၈ခုနှစ်အတွက် ပေးအပ်မယ့် အကယ်ဒမီပေးပွဲကြီးအတွက် ရွေးချယ်ထားတဲ့ ဆန်ခါတင် ဇာတ်ကား (၂၅) ကားထဲမှာ ဖွေးဖွေးရဲ့ ဇာတ်ကားက (၆)ကားတိတိ ပါဝင်နေခဲ့ပါတယ်။ ဒီနှစ်အမျိုးသမီးဇာတ်ဆောင်ဆုဟာ ဖွေးဖွေးအတွက်များ ဖြစ်နေမလားဆိုတာကတော့ မကြာခင် ကျင်းပမယ့် အကယ်ဒမီပေးပွဲကြီးမှာ သိရတော့မှာပါ။

ပရိသတ်တွေရဲ့ အချစ်တော် ဖွေးဖွေးပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက ၂၀၁၈ ခုနှစ်ထဲမှာ အများကြီးပါ။ အဲ့ဒီထဲကမှ ရွေးချယ်လိုက်တဲ့ ဆန်ခါတင်(၂၅)ကားစာရင်းထဲက ရုပ်ရှင်ဇာတ်ကား (၆)ကားမှာ ဖွေးဖွေးက အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။ အဲဒီ (၆)ကားလုံးဟာလည်း ပရိသတ်တွေရဲ့ အားပေးမှု တခဲနက် ရရှိထားတဲ့ဇာတ်ကားတွေပါ။



Photo : ဖွေးဖွေး

ဖွေးဖွေးပါဝင်ထားတဲ့ ဇာတ်ကား(၆)ကားက မုန်းစွဲ၊ ရွှေကြာ၊ သမ္မတကြီးထံပေးစာ၊ သတို့သမီး၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ငါ့ကိုနမ်းတဲ့မုန်တိုင်းတို့ ဖြစ်ပါတယ်။ အဲဒီဇာတ်ကား (၆) ကားစလုံးဟာ ဖွေးဖွေးရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေရဲ့ရင်ဘတ်ထဲထိရောက်ခဲ့တဲ့ ဇာတ်ကားတွေပါ။

အဲဒီ (၆) ကားထဲကမှ ဖွေးဖွေးရဲ့ ပရိသတ်တွေက ဖွေးဖွေးကို အကယ်ဒမီ ရစေချင်တဲ့ ဇာတ်ကားကြီးတစ်ကား ရှိပါတယ်။ အဲ့ဒီဇာတ်ကားကတော့ မုန်းစွဲ ဇာတ်ကားကြီး ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကြီးမှာ ဖွေးဖွေးက သူမမှာ မူလရှိနေတဲ့ ငယ်ရွယ်နုပျိုမှုတွေကို မိတ်ကပ်တွေနဲ့ဖုံးကာ အသက်ကြီးတဲ့ မိန်းမတစ်ဦးအဖြစ် ပါဝင်ထားပြီး ရင်ထဲက အငြှိုးတွေ၊ အမုန်းတရားတွေ၊ အပူမီးတွေကို မငြှိမ်းသတ်နိုင်ဘဲ မျက်နှာမှာပါ ပူလောင်နေတဲ့ အမူအရာတွေနဲ့ ကာရိုက်တာကို ထိထိမိမိ ပီပြင်စွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo : ဖွေးဖွေး

သူနဲ့အတူ ပါဝင်ထားတဲ့ နေတိုး၊ ကျော်ကျော်ဗိုနဲ့သာမက ကလေးသရုပ်ဆောင် နှစ်ဦးနဲ့ပါ အပေးအယူမျှမျှ သရုပ်ဆောင်နိုင်သူ ဖြစ်တာကြောင့် ပရိသတ်တွေက သူမကို မုန်းစွဲဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု ရရှိစေချင်ကြတာလည်း ဖြစ်ပါတယ်။

၂၀၁၈ခုနှစ်အတွက် ဆန်ခါတင် ရုပ်ရှင်ဇာတ်ကားကြီး (၂၅) ကားထဲမှာ ဖွေးဖွေးက ဇာတ်ကား (၆)ကား၊ နေတိုးက (၄)ကား၊ အလင်းရောင် (၄)ကား၊ မြင့်မြတ်(၃)ကား၊ ကျော်ကျော်ဗို(၂)ကား၊ဇဏ်ခီ(၂)ကား၊ နေမင်း(၂)ကား၊ဝတ်မှုံရွှေရည်(၂)ကား၊ရွှေမှုံရတီ(၂)ကားနဲ့ အများဆုံး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

Photo : ဖွေးဖွေး

ရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ ဖွေးဖွေးဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်အတွက်ပေးအပ်မယ့် အကယ်ဒမီပေးပွဲမှာတော့ ဖွေးဖွေးဟာနောက်ထပ် အမျိုးသမီးဇာတ်ဆောင်ဆုကြီးကို ပိုင်ဆိုင်ဦးမှာလားဆိုတာကို အကယ်ဒမီပေးပွဲကြီးကိုေ စာင့်စားရင်း ရင်တွေခုန်နေကြပါပြီ။ အကယ်ဒမီပေးပွဲကြီးကို မတ်လ(၂၃)ရက်နေ့ ရန်ကုန်မြို့ရှိ The One Entertainment Park တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က