အများကြီး ကြိုးစားသွားမှာပါ။

ဖြူဖြူထွေးကတော့ စီနီယာ အနုပညာရှင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်လို့ အရမ်းကို စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

Photo : ဖြူဖြူထွေး



ပရိသတ်တွေရဲ့ အချစ်တော် ဖြူဖြူထွေးကတော့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးမယ့် “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ပါပြီ။ အကယ်ဒမီ ဖွေးဖွေး၊လွှမ်းပိုင်၊ရဲရင့်အောင်၊ရဲလေးတို့အပြင် အခြားသော အနုပညာရှင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်လို့ အရမ်းကို စိတ်လှုပ်ရှားနေတယ်လို့ သူမက ဆိုပါတယ်။

“ဒီကာရိုက်တာလေးနဲ့ သမီးနဲ့ လိုက်တယ်ဆိုတဲ့အတွက် လက်ခံဖြစ်တာပါ။ ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် မလုပ်နိုင်တော့ဘူးဆိုပြီး မလုပ်သေးဘဲနေတာပေ့ါ။ ကိုယ်က သရုပ်ဆောင်ဘက်က လာတာမဟုတ်တော့ အားနည်းချက်တွေ ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ သရုပ်ဆောင်ရလို့ လွဲချော်တာတွေရှိရင် အရမ်းအားနာမိတယ်။ ဒါပေမယ့် ကိုသားစိုး တို့ကလည်း မရဘူးတဲ့ သရုပ်ဆောင်ပါ ဆိုတာနဲ့ ပါဝင်ဖြစ်သွားတာပါ။ ” လို့ နိုဝင်ဘာ(၄) ရက်နေ့က ပြုလုပ်တဲ့ “ရောသမမွှေ” ဇာတ်ကားကန်တော့ပွဲမှာ ပြောခဲ့တာပါ။

ဖွေးဖွေးနဲ့အတူ ဇာတ်ကားတစ်ကားမှာ ပါဝင်ခွင့်ရလို့ ပြောခဲ့ရသလို ဖွေးဖွေးကိုလည်း နှုတ်ဆက်ဖို့မနှုတ်ဆက် ရဲသေးဘူးလို့ ပြောပါတယ်။

“မဖွေးကို ခင်တယ်။ မဖွေးဖွေးကို နှုတ်ဆက်ဖို့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေလို့။ မဖွေးဖွေးက ခင်ဖို့ကောင်းတယ်။ တခြားအနုပညာရှင်တွေလည်း ခင်ဖို့ကောင်းတယ်” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : ဖြူဖြူထွေး

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်အိမ်ဆောက်ပေးနေပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က