မေသန်းနု ကိုယ်စား ဆောင်ရွက်ပေးတာလို့ သိရပါတယ်။

မျိုးသန္တာထွန်းဟာ အကယ်ဒမီအကဲဖြတ် အဖွဲ့ဝင်တစ်ယောက်အဖြစ် မေသန်းနု ကိုယ်စား ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ကတော့ ဇာတ်ကားကောင်းတွေ အများကြီးရှိတဲ့ နှစ်ပါပဲတဲ့။

Photo: Myo Thandar Tun



အကယ်ဒမီ မျိုးသန္တာထွန်းကတော့ အကယ်ဒမီအကဲဖြတ်အဖွဲ့မှာ ပါဝင်ဖြစ်ခဲ့တဲ့ အကြောင်းကို ပြောပြလာပါတယ်။ အကဲဖြတ် အဖွဲ့မှာ ပါဝင်ဖူးသူ ဖြစ်တာကြောင့်ရော၊ အနုပညာအလုပ်ကို မြတ်နိုးတဲ့သူ တစ်ယောက်အဖြစ် ပါဝင်ပေးတာဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ ရုပ်ရှင်အစည်းအရုံးက အစ်မကို ဆက်သွယ်လာတယ်။ ဒီနှစ်တော့ ဝင်ပြီးတော့ ကြည့်ပေးပါဦးတဲ့ ဆိုတော့ ဘာပဲပြောပြော အစ်မတို့က အနုပညာလောကကြီးမှာ အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတယ်။ ဒီလောကမှာ ကိုယ်က ကျင်လည်နေရတာဖြစ်တဲ့အတွက် ကိုယ်သိသလောက်၊ ကိုယ်တတ်ကျွမ်းသလောက် ကိုယ့်အဖွဲ့အစည်းကို ကိုယ်က ပြန်လုပ်ပေးရမယ်ဆိုတဲ့ တာဝန်ရှိတယ်ဆိုပြီးတော့ ခံစားရတယ်။ ဒါကြောင့် ပါဝင်ဖြစ်ခဲ့တာပါ” လို့ ဆိုပါတယ်။


Photo: Myo Thandar Tun

သူမဟာ လက်ရှိရုံတင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း အဆက်မပြတ်သွားအားပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုချိန်မှ အကဲဖြတ်အဖွဲ့ထဲ ဝင်လာခဲ့ပေမယ့် အခက်အခဲ မရှိဘူးလို့ ပြောပါတယ်။

“အစ်မက အကယ်ဒမီ အကဲဖြတ်မှာ မပါလည်း မြန်မာဇာတ်ကားရုံတင်ရင် တင်တာနဲ့ သွားကြည့်တာများတယ်။ ကိုယ်တိုင်ကလည်း မြန်မာကားကြိုက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်ကားသစ် ရုံတင်ပြီဆိုတာနဲ့ သွားကြည့်တယ်။ အခု အကဲဖြတ်အဖွဲ့ဝင်ဖြစ်လာတော့ ကိုယ်ကြည့်ပြီးသား ဇာတ်ကားတွေကိုပဲ မတူတဲ့ ခံစားချက်နဲ့ ကြည့်ရတာပေါ့နော်” လို့ သူက ဆိုပါတယ်။


Photo: Myo Thandar Tun

မျိုးသန္တာထန်းဟာ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီအကဲဖြတ် အဖွဲ့ဝင်အဖြစ် သရုပ်ဆောင် မေသန်းနုကိုယ်စား ပါဝင်လာခဲ့တာဖြစ်ပါတယ်။ သူမဟာ၂၀၁၉ ခုနှစ်ထဲမှာလည်း ရုပ်ရှင်ဇာတ်ကားတွေက အရင်တုန်းကထက် ပိုများတယ်လို့ဆိုပါတယ်။ ဇာတ်ကားကောင်းတွေ အရမ်းများတယ်လို့လည်း မျိုးသန္တာထွန်းက ဆက်လက်ပြောပြခဲ့ပါတယ်။

“ ဒီနှစ်က ဇာတ်ကားကောင်းတွေ အရမ်းများတယ်။ မနှစ်ကထက်တောင် ပိုပြီးတော့ များတယ်။ ပြိုင်ဆိုင်မှုတွေ များလာတယ် ဆိုတော့ ဒါက ကောင်းမွန်တဲ့ လက္ခဏာပေါ့။ အဲဒီအထဲမှာမှ ကာရိုက်တာကိုလည်း ပီပြင်တယ်။ သရုပ်ဆောင်တာ ပြောင်မြောက်တဲ့သူကို အစ်မတို့က အမှတ်ပေးရမှာပေါ့။ အကယ်ဒမီ အကဲဖြတ်မှာ ၂ နှစ်ပါခဲ့ဖူးတယ်။ မနှစ်ကရဲ့ ရှေ့တစ်နှစ်က ပါတယ်၊ ပြီးတော့ အကယ်ဒမီအကဲဖြတ်တာကို ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုလွှဲလိုက်တဲ့ နှစ် ပထမဆုံးနှစ်မှာ အကဲဖြတ်အဖွဲ့မှာ ပါဖူးတယ်”လို့ ဆိုပါတယ်။


Photo: Myo Thandar Tun

မျိုးသန္တာထွန်းရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ်များစွာ ကြာနေပြီဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှာ အကယ်ဒမီဆုတွေလည်း ရရှိဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် စီးပွားရေးဘက်ကို ပိုပြီးတော့ ဦးစားပေးနေတယ်လို့ သိရပါတယ်။ အေးချမ်းသာယာဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က