ဖခင်ဖြစ်စေချင်တဲ့ မင်းသားဖြစ်ဖို့ ကြိုးစားသွားပါမယ်တဲ့။
ထက်လင်းအောင်ဟာ သရုပ်ဆောင် နေထက်လင်းရဲ့သား ဖြစ်ပါတယ်။ အကယ်ဒမီ ရွှေကြိုကနေတဆင့် သရုပ်ဆောင် တစ်ယောက်ဖြစ်လာဖို့ကလည်း ကြိုးစားရဦးမယ်လို့ ဆိုပါတယ်။

Photo: Su Darli



၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ သရုပ်ဆောင် နေထက်လင်းရဲ့ သားဖြစ်သူ ထက်လင်းအောင်လည်း ပါဝင်လာတာ တွေ့ရပါတယ်။ အကယ်ဒမီ ရွှေကြိုတစ်ယောက်ဖြစ်လာတဲ့ ထက်လင်းအောင်ရဲ့ ရင်ခုန်သံစကားကို Duwun media ကနေပြောပြလာပါတယ်။

‘’မထင်မှတ်ဘူးပေါ့။ အရင်က ပရိသတ်တစ်ယောက်အနေနဲ့ အကယ်ဒမီပွဲကို ကြည့်နေရတာ ဒီအချိန်ကျတော့ ဘယ်သူ အကယ်ဒမီရရ ကိုယ်ပေးရမှာဆိုတော့ အရမ်းပျော်ပါတယ်။ အရမ်းလည်း စိတ်လှုပ်ရှားပါတယ်။ ဒါပေမယ့် မင်းသားဖြစ်ဖို့တော့ အမေပြောသလို အများကြီး ကြိုးစားရဦးမှာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Su Darli

နေထက်လင်းဟာ သားဖြစ်သူကို သရုပ်ဆောင်နေတိုးလို ကာရိုက်တာတိုင်းကို သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်စေချင်တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ဒီအတွက် ထက်လင်းအောင်ကလည်း သူ့ရဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောပြထားပါတယ်။

‘’ အဖေက တော့ စွယ်စုံရဖို့ အတွက်တော့ ပြောတာပေါ့။ ကိုယ်က ငယ်သေးလို့လား မသိဘူး အနုအရွတွေပဲ ရိုက်ချင်သေးတယ်’’ လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်တဲ့ ရွှေကြို မောင်မယ် တွေကို မိတ်ဆက်ပေးတဲ့ ပွဲမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo: Htet Lin Aung

ရွှေကြိုမောင်တစ်ဦးအဖြစ် နေထက်လင်းရဲ့ သားဖြစ်သူ ထက်လင်းအောင် ပါဝင်လာတယ်ဆိုကတည်းက အားပေးဖို့ စောင့်မျှော်နေကြတဲ့ မိန်းကလေး ပရိသတ်တွေရှိပါတယ်။ ဒီအတွက် မိခင်ဖြစ်သူ ဆုဒါလီရဲ့ရင်ထဲက စကားသံကို အခုလို ပြောပြလာပါတယ်။

‘’ဝန်းရံတယ်ဆိုတော့ အရမ်းပျော်တာပေါ့။ အရမ်းဝန်းရံစေချင်တာ။ သားကို အရမ်းသဝန်မတိုပါဘူး။ သဝန်တိုတယ်ဆိုတာ သားကို ချုပ်တာလေ နော်။ တကယ်တမ်းကျတော့လည်း မတိုပါဘူး။ သူ့လွတ်လပ်ခွင့်နဲ့သူ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်လည်း သူများသားကို ယူလာတာဆိုတော့ အရမ်းကြီးတော့ သဝန်မတိုပါဘူး’’ လို့ သားအမိ နှစ်ယောက် ပျော်ပျော်ပါးပါး၊ ရယ်ရယ်မောမောနဲ့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Win Ni Aung

သရုပ်ဆောင်နေထက်လင်း နဲ့ သရုပ်ဆောင် ဆုဒါလီ တို့ ဇနီးမောင်နှံမှာတော့ ချစ်စရာကောင်းတဲ့ သားလေး ၂ ယောက်ရှိပါတယ်။ ဆုဒါလီဟာ သားလေးတွေရှိလာချိန်ကစလို့ အနုပညာအလုပ်တွေ လုပ်ကိုင်တာမျိုး မရှိတော့ပါဘူး။ နေထက်လင်းကတော့ ဒီနေ့အချိန်ထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ နယ်ပရိသတ်တွေလည်း အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မှားပါဘူး။ 


ဆက်စပ်အကြောင်းအရာများ



က္က