တကယ်ကို ဝမ်းသာစရာ သတင်းကောင်းပါ။

သရုပ်ဆောင် အကယ်ဒမီ မေသန်းနု ပြန်လည် လွတ်မြောက်လာပြီလို့ ဒါရိုက်တာ စင်ရော်မောင်မောင်က Duwun ကိုပြောပါတယ်။ 

Photo: Zin Yaw Mg



ငွေကြေးလိမ်လည်မှုနဲ့ အကျဉ်းချခံထားရတဲ့ သရုပ်ဆောင်အကယ်ဒမီ မေသန်းနုက ဇူလိုင်လ(၁) ရက်နေ့မှာပဲ အကျဉ်းထောင်ကနေ ပြန်လွတ်လာပြီလို့ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်က Duwun ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

 " မဆင့် ထောင်ကနေ ပြန်လွတ်လာပြီဆိုတာ သေချာပါတယ်။ အသေးစိတ်ကိုတော့ မနက်ဖြန်(ဇူလိုင် ၂ ) ရက်နေ့မှာ စာနယ်ဇင်းပွဲ ပြုလုပ်သွားမယ်" လို့ သူက ဆိုပါတယ်။ မေသန်းနုကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေ၊ အနုပညာအသိုင်းအဝိုင်းမှ မောင်နှမများကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

Photo: Zin Yaw Mg

 မေသန်းနုကဟာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အင်းစိန်အကျဉ်း‌ထောင်မှာ ပြစ်ဒဏ်ခံယူခဲ့ရတာ ဖြစ်ပါတယ်။နှစ်ဆန်းတစ်ရက်နေ့တုန်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ သရုပ်ဆောင် မေသန်းနု ပါဝင်ဖို့ အားလုံးက ဆုတောင်းပေးခဲ့ကြပေမယ့်လည်း အကျဉ်းသား(၂၄,၈၉၆)ဦး လွတ်မြောက်တဲ့ အထဲမှာ သရုပ်ဆောင် မေသန်းနု မပါဝင်ခဲ့နိုင်ပါဘူး။ မေသန်းနုရဲ့ ခင်ပွန်းဟောင်း ဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်အနေနဲ့လည်း သရုပ်ဆောင်မေသန်းနု ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်ခဲ့သလို မေသန်းနု အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာရင် နေနိုင်ဖို့အတွက် အိမ်လုံးချင်းတစ်လုံးပြင်ဆင်ပေးထားတာကို တွေ့ရပါတယ်။ 

သရုပ်ဆောင် မေသန်းနုကို ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ထောင်ဒဏ် တစ်နှစ် ကျခံဖို့ ဇန်နဝါရီ (၂) ရက်နေ့ ရန်ကင်းတရားရုံးမှ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က