ပရိသတ်တွေကိုလည်း ဂရုစိုက်ဖို့ပြောပြလာပါတယ်။

၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး ရက်ရွှေ့ပြောင်းလိုက်တဲ့အပေါ် နေတိုးရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

အကယ်ဒမီနေတိုးကတော့ အကယ်ဒမီဆုပေးပွဲကြီး ရက်ရွှေ့သွားတဲ့အပေါ် သူ့ရဲ့သုံးသပ်ချက်ကို အခုလို ပြောပြလာပါတယ်။ ဆုပေးမယ့် ရက်က မိုးတွင်းဘက်ဖြစ်သွားမှာကိုလည်း စိုးရိမ်မိတယ်လို့ နေတိုးက ဆိုပါတယ်။ 



“ပရိသတ်တွေ အပြင် အနုပညာရှင်တွေ အနေနဲ့ကလည်း ဒီပွဲကို မိုးတွင်းဘက် ရောက်သွားမှာလည်း စိုးရိမ်တယ်။ ဒါပေမယ့်လည်း ဘေးအန္တရာယ် ဗိုင်းရပ်စ် တစ်ခုကြောင့် ကူးစက်ရောဂါတွေ မပြန့်ပွားအောင် ထိန်းချုပ်လိုက်တဲ့ သဘောဆိုတော့လည်း ကျွန်တော်တို့ မတတ်နိုင်ဘူးပေါ့” ဆိုပြီးတော့ မတ်လ ၅ ရက်နေ့က Myanmar’s Pride Award 2019 ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် သင်္ကြန်ပြီးနောက်ပိုင်းမှာ ကျင်းပဖို့ ရက်ရွှေ့လိုက်တယ်လို့ မတ်လ ၄ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဌ ဦးညီညီထွန်းလွင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ အကယ်ဒမီဆုပေးပွဲအတွက် ဆန်ခါတင်စာရင်း ၂၉ ကားထဲမှာ သရုပ်ဆောင်နေတိုးက ဇာတ်ကား (၉) ကား ပါဝင်နေတယ်လို့ သိရပါတယ်။ 

နေတိုးဟာ သူ့ကို ချစ်တဲ့ ပရိသတ်တွေလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်ပွားအောင် နေထိုင်ကြဖို့ သတိပေးစကားဆိုခဲ့ပါတယ်။ 

“ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ရမယ့် နည်းလမ်းတွေ၊ ဆင်ခြင်ရမယ့်အရာတွေကို လူတိုင်းအလိုလိုက မြင်နေ၊ တွေ့နေ၊ ကြားနေရပြီဖြစ်ပါတယ်။ ကျန်းမာရေး ဗဟုသုတတွေကိုလည်း Social Media ပေါ်မှာ ဖြန့်ဝေထားတာ တွေ့ရပါတယ်။ ကျွန်တော် သိရသလောက်တော့ အချင်းချင်းထိတွေ့တဲ့အခါမှာ လက်ကို စင်ကြယ်အောင် ဆေးကြောသင့်တယ်လို့တော့ ကျွန်တော် သုံးသပ်မိပါတယ်။ အဓိက ကတော့ သတိ၊ ဝီရိယနဲ့ နေထိုင်ဖို့၊ သတိမလွတ်စေဖို့ ကျွန်တော် မှာချင်ပါတယ်” လို့ သူက ပြောပါတယ်။ 

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အဲဒီနောက် Myanmar's Pride Award 2019 ဆုပေးပွဲမှာလည်း Best in Film ဆုကို ရရှိခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က