ဇဏ်ခီရဲ့ ကျန်းမာရေးကြောင့် ပါတဲ့။

ဒါရိုက်တာ ခရစ္စတီးနားခီဟာ ခင်ပွန်းဖြစ်သူ ဇဏ်ခီရဲ့ ကျန်းမာရေးကြောင့် အကယ်ဒမီ ပေးပွဲ တက်ရောက်ဖြစ်၊ မတက်ရောက်ဖြစ် ပြောပြလာပါတယ်။ 

Photo: Zen Kyi



သရုပ်ဆောင်ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဇနီးမောင်နှံကတော့ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို တက်ရောက်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ခရစ္စတီးနားခီဟာ ခင်ပွန်းဖြစ်သူ ဇဏ်ခီရဲ့ ကျန်းမာရေးကြောင့် ပြည်ပမှာ သွားရောက်ဆေးကုသပေးရဦးမယ့်အကြောင်းပြောပြလာပါတယ်။ 

“ ၃လပိုင်းထဲမှာ ကိုဇဏ်ဒူးခွဲဖို့ရှိတယ်။ ဒါလုပ်ဖို့ကလည်း စီစဉ်ထားတာတော်တော်ကြာပြီ။ဟိုဘက်က ဆရာဝန်နဲ့လည်း ချိတ်ရတာဆိုတော့လေ။ ပြီးတော့ သူ့ရဲ့ ဒုတိယအခွေလည်းလုပ်နေတော့ ခွဲစိတ်ဖို့အတွက် ရက်ညှိလိုက်တဲ့အခါမှာ မတ်လထဲမှာ ဖြစ်မယ်ဆိုတော့ ခွဲစိတ်မယ့်ရက်က အကယ်ဒမီရက်နဲ့ နီးလည်း ခွဲရမှာဖြစ်တယ်။ မခွဲလို့လည်း မရတဲ့အနေအထားဖြစ်နေတယ်။ ဇာတ်ကားရိုက်ရင်တောင် သူ့ကို ထိမှာစိုးလို့ မြန်မြန်ခွဲလိုက်စေချင်တယ်။ ခွဲစိတ်မယ့်ရက်နဲ့များ တိုက်နေမလားလို့တော့ သေချာမသိသေးဘူး” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Zen Kyi

ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ၃ ကားမြောက်ရုပ်ရှင်ကားကြီးဖြစ်တဲ့ “ထာဝရ‌နှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးဟာ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင်ဇာတ်ကားတစ်ကားဖြစ်လာခဲ့ပါတယ်။ ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးဟာ ၂၀၁၉ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က စပြီးမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ပရိသတ်အကြိုက်နဲ့ထပ်တူကျတဲ့ဇာတ်ကားဖြစ်လို့ ယနေ့အချိန်ထိ ရုံတင်ပြသလျှက်ရှိတာကို တွေ့ရပါတယ်။ “ထာဝရ‌နှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကို စင်ကာပူနိုင်ငံမှာ သွားရောက်ပြသခဲ့တုန်းကလည်း မြန်မာပရိသတ်တွေသာမက ပြည်ပနိုင်ငံမှာရှိတဲ့ ပရိသတ်တွေရဲ့ အားပေးမှုများစွာလည်း ရရှိခဲ့သေးတယ်လို့ သိရပါတယ်။ 

Photo: Zen Kyi

"ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးကြတဲ့ ပရိသတ်တွေကတော့ မင်းသားချော ဇဏ်ခီ၊ မင်းသမီးချော ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ကို အကယ်ဒမီဆုတွေရစေချင်ကြတယ်လို့ ခရစ္စတီးနားခီက ပြောပါတယ်။ 

“ အကယ်ဒမီမှန်းပေးကြတာနဲ့တင်ကျေးဇူးတင်နေပါပြီ။ အဓိက ကတော့ အကယ်ဒမီ မှန်းပေးပေး မပေးပေး အိမ်ထဲကနေထွက်ပြီး ဇာတ်ကားလာကြည့်ကြတာနဲ့တင်ကျေးဇူးတင်နေပါပြီ။ ယနေ့အထိ ရုံမှာ ဆက်ပြနေတုန်းဖြစ်တာကြောင့် နောက်ထပ်ရိုက်မယ့်ဇာတ်ကားတွေအတွက်လည်း အားရှိပါတယ်။ ဆက်ပြပေးနေသေးတဲ့ ရုံရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာသာမက စင်ကာပူမှာလည်း အားပေးကြတဲ့ပရိသတ်တွေရှိလို့ဝမ်းသာတယ်” ဆိုပြီးတော့ Power House Gym ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 


Photo: Zen Kyi

Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ central base productions က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ကတော့ ဇဏ်ခီနဲ့ ပိုင်ဖြိုးသု တို့က ပါဝင်သရုပ်ဆောင် ခဲ့တာပါ။ ဒါရိုက်တာ ခရစ္စတီးနားခီ အတွက်ကတော့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားနဲ့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကား တို့အပြင် Now & Ever ရုပ်ရှင်ကားကြီးကလည်း အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ကားဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ



က္က