အကယ်ဒမီဆု ယူနိုင်ခဲ့တယ်။
Sabal Thwin

ထွန်းထွန်းကတော့ သူချစ်တဲ့ မိဘနှစ်ပါးနဲ့ ပရိသတ်တွေအတွက် အကယ်ဒမီဆု ယူပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေမှာလည်း သူပါဝင်တဲ့ ဇာတ်ကားက နည်းတယ်လို့ ဆိုပါတယ်။

Photo: Tun Tun



ထွန်းထွန်းကတော့ ဝါသနာပါတဲ့ အနုပညာလုပ်တွေ လုပ်နေတဲ့အချိန်မှာ လုံးဝ မမေ့နိုင်စရာ ကာလလေးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကတော့ သူ အကယ်ဒမီ ရခဲ့တဲ့ နှစ် ဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ကျွန်တော်အနုပညာအလုပ်တွေ ပြန်လုပ်တဲ့ ၂ နှစ်အတွင်းမှာ အလုပ်တွေကို အကောင်းဆုံးကြိုးစားခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် အကယ်ဒမီဆု ရခဲ့တယ်။ အရမ်း အမှတ်တရဖြစ်ခဲ့သလို ကိုယ့်ပရိသတ် တွေအတွက်ရော၊ ကိုယ့်မိဘအတွက်ကိုရော တာဝန်ကျေတယ်လို့ ခံစားရလို့ပါ။ အဲဒီတုန်းကလည်း ရွှေတိဂုံဘုရားအရှေ့က ပြည်သူ့ရင်ပြင်မှာ လုပ်ခဲ့တာလေ။ အမှတ်တရ ပိုဖြစ်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၈ ရက်နေ့ညက “ရွာကျော်မိကဲ” ရုပ်ရှင်ကားကြီး အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Tun Tun

၂၀၁၉ ခုနှစ်ရဲ့ အကယ်ဒမီ စာရင်းဝင်ဇာတ်ကားတွေမှာလည်း ထွန်းထွန်းပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေလည်းပါဝင်ပါတယ်။ သူကတော့ ကိုယ်တိုင်ဆုရဖို့ထက် တကယ်တော်တဲ့ သူတွေကို ဆုပေးမယ့် ပွဲဖြစ်တယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ပြောပြလာပါတယ်။ 

“ ဒီနှစ်အတွက်ကတော့ ကျွန်တော့် ဇာတ်ကားတွေ နည်းပါတယ်။ ကျွန်တော့်အတွက် ရင်ခုန်ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့ ကြိုးစားနေဦးမှာပါ။ ဒီနှစ်မှာက ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်ကားတွေ အကုန်လုံးက သရုပ်ဆောင်စရိုက် ပီပြင်တာတွေ တော်တော်များများတွေ့ရတယ်။ ဒီနှစ်ကတော့ လုံးဝ ဒိတ်ဒိတ်ကြဲပဲ။ ကာရိုက်တာ ပီပြင်တဲ့ သူတွေအားလုံး ပျော်ရွှင်ရမယ့် ညလေး ဖြစ်လာမှာပါ” လို့ သူကဆိုပါတယ်။ 

Photo: Tun Tun

ထွန်းထွန်းပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေတော့ နိုင်ငံကြီးသား၊ ပပဝတီစီရင်ခန်း၊ ကြာတော့သည်လည်း မောင့်စကား၊ လေးပါးကျော့ရှိန် ဝရဇိန်၊ တန်ဖိုး စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ထွန်းထွန်းကို အကယ်ဒမီ ရစေချင်တဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ သူကိုယ်တိုင်ကလည်း အရမ်းကြိုးစားခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ သိရပါတယ်။ 

Photo: Tun Tun

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က