သူကိုယ်တိုင်အတွက်တော့ ရင်မခုန်သေးပါဘူးတဲ့။

အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၂၅ ကားထဲမှာ ပါဝင်လာတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ကားကြီးနဲ့ပတ်သက်ပြီး သက်မွန်မြင့်ရဲ့ ရင်ခုန်သံစကားကို အခုလို ပြောပြလာပါတယ်။

Photo: ဥပါယ်တံမျဉ်



သက်မွန်မြင့်က ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုုချီးမြှင့်သွားမယ့် ဆန်ခါတင် ၂၅ ကားထဲမှာ ပါဝင်ထားတဲ့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ကားကြီးအတွက် သူမရဲ့ ဆန္ဒကို ပြောပြလာပါတယ်။ သူမအတွက်ကတော့ မျှော်လင့်ဖို့ မရှိနိုင်သေးဘူးလို့ မီဒီယာတွေ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။

‘’ဇာတ်ကားအနေနဲ့ဖြစ်ဖြစ်၊ မင်းသားဖြစ်ဖြစ်ပေါ့။ အောင်မြင့်မြတ်ဆိုရင်လည်း ဇာတ်ပို့အနေနဲ့ ကောင်းတယ်။ သက်မွန်ကြတော့လည်း အဲဒီကားထဲမှာ ကိုယ်မလုပ်ဖူးသေးတဲ့ ကာရိုက်တာဆိုပေမယ့် အရမ်း Strong မဖြစ်ဘူး။ ကိုယ်လည်း အိုက်တင်တွေက ထူးထူးခြားခြားကြီး ပြောင်းသွားတာမျိုး မရှိဘူးလို့ ခံစားရတယ်။ ကိုယ့်အတွက်တော့ သိပ်မမျှော်ပါဘူး။’’ လို့ သူကဆိုပါတယ်။

Photo: ဥပါယ်တံမျဉ်

‘’ဥပါယ်တံမျဉ်’’ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ၂၀၁၈ခုနှစ် ဇန်နဝါရီလ အတွင်းမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သရုပ်ဆောင်အသစ်တွေ ပါဝင်ထားတယ်ဆိုပေမယ့် လူငယ်ပရိသတ်တွေ အားပေးမှုများစွာ ရရှိထားတဲ့ ဇာတ်ကားတစ်ကားဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုကိုတော့ သက်မွန်မြင့်က ကျေနပ်အားရတယ်လို့ ဆိုပါတယ်။

‘’အကယ်ဒမီရတာ မရတာထက် ဒီဇာတ်ကားက လမ်းတစ်ခုကို ချိုးပေးလိုက်နိုင်တယ်လို့ သက်မွန်ယူဆတယ်။ အဲဒီအနောက်မှ ထွက်လာတဲ့ ကားတွေလည်း အပြိုင်အဆိုင် အရမ်းကိုကောင်းလာကြတာဆိုတော့ ဘာပဲဖြစ်ဖြစ် ခေတ်တစ်ခေတ်ကို ရောက်သွားတဲ့ ကားတစ်ကားလို့ ပြောလို့ရတယ်။ရုပ်ရှင်လောကတစ်ခုကို ပရိသတ်ရင်ထဲ ထည့်ပေးလိုက်တဲ့ ကားဆိုတော့ အကယ်ဒမီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ။ သူ့ရဲ့ အောင်မြင်မှုက ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ပြီးပြီဆိုတော့ သက်မွန်အနေနဲ့ကတော့ ကျေနပ်တယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: ဥပါယ်တံမျဉ်

ဥပါယ်တံမျဉ်ရုပ်ရှင်ကားကြီးကို စင်ထရယ်ဘေ့(စ်) ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာခရစ္စတီးနား ခီက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဇဏ်ခီ၊ အောင်မြင့်မြတ်၊ သက်မွန်မြင့်(Thet Mon Myint)နဲ့ ထိုင်းမင်းသမီးချောလေး ကရာဗီတို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။

Photo: ဥပါယ်တံမျဉ်

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုတော့ မတ်လ ၂၃ ရက်နေ့ The One Entertainment မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၂၅ ကားကလည်း ထွက်ရှိလို့လာပါပြီ။ ထိုရုပ်ရှင်ဇာတ်ကား (၂၅) ကားကတော့ မိုးပန်းပွင့်တို့ရဲ့သင်္ကေတ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဝိညာဉ်စိမ်း၊ ဒုဠဝတီကိုလွန်၍၊ င့ါကိုနမ်းတဲ့မုန်တိုင်း၊ ငယ်ကျွန်၊ဥပါဒါန်၊ မုန်းစွဲ၊ ရွှေကြာ၊ သမ္မတကြီးထံပေးစာ၊ ပြည်ထောင်စုသစ္စာ၊ ဇာတိမြေ၊ မှော်ဝင်သမန်းကျား၊ လရောင်ဖြာတဲ့အင်းလေးမှာ၊ ဥပါယ်တံမျဉ်၊ မုဒြာရဲ့ ခေါ်သံ၊ ကြတ်ဂူ၊ နောင်တွင်ဥဒါန်း တွင်စေသတည်း၊ ငဒူ၊ မျက်နှာပြင်များ၊ မီ၊ တိမ်တိုက်တံတား၊ ရန်သူ၊ သတို့သမီး၊ ကိုယ်စောင့်နတ် စတဲ့ ရုပ်ရှင်ဇာတ်ကားများ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က