သားရဲ့ ဝါသနာကို အပြည့်အဝ ပံ့ပိုးပေးမှာပါ။

မြင့်မြတ်ကတော့ သားလေးအပေါ်ထားတဲ့ ရည်မှန်းချက်တွေကို ပြောပြလာပါတယ်။ သားရဲ့ ဝါသနာကိုလည်း အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။

Photo: Myat Wai Tun



မြင့်မြတ်ကတော့ တစ်ဦးတည်းသော သားလေး မြတ်သူရဲ့ ရှေ့ရေးမှာ အကောင်းဆုံးတွေ ဖြစ်ဖို့ အတွက် ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။ ဇနီးဖြစ်သူကလည်း အတွေး တူတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’သားလေးရဲ့ ဘဝရှေ့ရေးနဲ့ပတ်သက်ပြီး တွေးဖြစ်ပါတယ်။ အဓိက ကတော့ သူ့ဘဝကောင်းဖို့အတွက်ပေါ့နော်။ ဒီအချိန်မှာတော့ ကျွန်တော်ရော၊ ကျွန်တော့် ဇနီးရော သူ့အတွက် စဉ်းစားပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်တော့ လုပ်ပေးနေတာပဲ။ ဒါပေမယ့် ကြီးလာတဲ့အချိန်ကျရင်တော့ သူ ဘာကို ဝါသနာပါသလဲ။ အဲဒီအပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ ပံ့ပိုးပေးမှာပါ’’ လို့ ဆိုပါတယ်။

Photo: Myat Wai Tun

သားဖြစ်သူ မြတ်သူကိုလည်း အနုပညာအလုပ်ကို အတင်းအကျပ်လုပ်ခိုင်းမှာ မဟုတ်ဘူးလို့ မြင့်မြတ်က ပြောပါတယ်။ သားလေးရဲ့ ဝါသနာအရ လုပ်လာတဲ့ အလုပ်တွေ အပေါ်မှာပဲ အပြည့်အဝ ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။

‘’ သားလေးနဲ့ ပတ်သက်ပြီးတော့လည်း ဘာဖြစ်ရမယ်၊ ဘာလုပ်ရမယ်ဆိုတာမျိုး ကျွန်တော်တို့မှာ ကန့်သတ်ချက်မရှိဘူး။ အဓိက ကတော့ လမ်းမှားမရောက်အောင် ကျွန်တော်တို့ ထိန်းပေးမယ်။ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ ရွေးချယ်မှုပါပဲ။ သူ့ဘဝ လျှောက်လှမ်းဖို့အတွက်က သူပဲ ရွေးချယ်ရမှာလေ။ အဲဒီအပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင်ပံ့ပိုးပေးမယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၄ ရက်နေ့ ညက ‘’ရိုးမပေါ်ကျတဲ့ မျက်ရည်’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Myat Wai Tun

မြတ်သူကတော့ အခုဆိုရင် တစ်နှစ်ကျော်အရွယ်ကို ရောက်လာပြီဖြစ်ပါတယ်။ မြင့်မြတ်က သားဖြစ်သူရဲ့ ထူးခြားမှုတွေကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ သူ့ရဲ့ လက်ညိုးတစ်ချောင်းကတော့ တော်တော် ဒုက္ခပေးတယ်။ သွားချင်တာ လိုချင်တာရှိရင် ဒါပဲလေနော်။ အဲဒီဟာမှ မလုပ်ရလို့ရှိရင် သောင်းကျန်းတယ်။ အဲဒီ လက်ညိုးတစ်ချောင်းကိုပဲ ကြောက်နေရတယ်။ ကလေးနောက်တစ်ယောက် ထပ်ယူဦးမှာပါ။ ဘာလေးဖြစ်မလဲဆိုတာကတော့ မသေချာဘူးလေနော်။ ကိုယ်လိုချင်တာကတော့ ယောက်ျားလေး နှစ်ယောက် လိုချင်တာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Myat Wai Tun

မြင့်မြတ်ကတော့ ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့က အသက်(၃၃)နှစ်ပြည့်လို့သွားခဲ့ပြီ ဖြစ်သလို သူနဲ့ မွေးနေ့တူတဲ့ သားသားလေး မြတ်သူကတော့ အသက်(၁)နှစ်ပြည့်သွားခဲ့ပါပြီ။ မြင့်မြတ်ရဲ့သားလေးကို သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ မြင့်မြတ်ရဲ့ ရိုက်ကွင်းတွေမှာတောင် ဂျူနီယာမြင့်မြတ်လေးကို တွေ့နိုင်ပြီဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ဇနီးဖြစ်သူ ခင်သူအောင် တို့ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က