မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြောပြလာပါတယ်။

မိုးယုစံဟာ သားလေး Austin နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ နည်းနည်းလျော့လာပြီလို့ဆိုပါတယ်။ သားလေးက အခုဆိုရင် အသက် ၂ နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။



Photo: Moe Yu San

မိုးယုစံရဲ့ သားလေး Austin လေးကတော့ အခုဆိုရင် အသက် ၂ နှစ်အရွယ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ သားလေး Austin နဲ့ ပတ်သက်တာတွေကိုလည်း Duwun Media ကနေ ပြောပြလာခဲ့ပါတယ်။

‘’သားသားကကျတော့ အခုဆိုရင် ၂ နှစ်ကျော်ပြီပေါ့နော်။ အဲဒီတော့ ၂ နှစ်ကျော်အလျောက် တော်တော်နားလည်နေပြီ။ အခုချိန်မှာ သူတို့ကို ပြောရင် နားလည်တာလားဆိုတော့လည်း နားလည်တာမျိုးမဟုတ်ဘူး။ ၂ နှစ်ကျော်အရွယ်က အရမ်း ဘူးခံငြင်းတဲ့အရွယ်ပေါ့နော်။ တစ်ခုခုဆို မလုပ်ဘူး၊ မစားဘူး၊ မအိပ်ဘူးပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Moe Yu San

သားလေးဟာ လိမ္မာတဲ့ ကလေးလေး တစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း မိုးယုစံက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ သားလေးကို နည်းနည်း စိတ်ချရနေပြီလို့လည်း ပြောပါတယ်။

‘’ အရင်တုန်းကထက်စာရင်တော့ သူ့ကို နည်းနည်းလွှတ်လို့ရပြီပေါ့နော်။ အရင်တုန်းကဆိုရင် လမ်းမလျှောက်တတ်သေးတဲ့အရွယ်ကျတော့ စပြီးတော့ လမ်းလျှောက်ဖို့ ကျင့်တဲ့အရွယ်မျိုးဆိုရင် ချော်လဲမလားစိုးရိမ်ရတယ်။ အစားစားရင်လည်း တစ်ခုခုဖြစ်မှာ စိုးရိမ်ရတာနဲ့ အခုတော့ အဲဒီအပူတွေ လျော့သွားပါပြီ’’ လို့ ဆိုပါတယ်။

Photo: My Dream

မိုးယုစံဟာ ချစ်ရတဲ့ခင်ပွန်း ကိုစွမ်းမိုးသူနဲ့ အတူ ချစ်စရာကောင်းတဲ့ သားလေး Austin ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပါတယ်။ သားလေးအပေါ်မှာလည်း မျှော်လင့်ချက်မထားပါဘူးလို့ဆိုပါတယ်။


‘’ သားသားအတွက် မျှော်လင့်မှုကတော့ သိပ်မရှိပါဘူး။ သူ့ဘဝမှာ ကောင်းကောင်းမွန်မွန်နဲ့ လျှောက်လှမ်းနိုင်ရင် ကျေနပ်ပါတယ်။ ရင်သွေးလေး နောက်တစ်ယောက် ယူမှာပါ။ သားလေးရပြီးပြီဆိုတော့ သမီးလေး လိုချင်တာပေါ့’’ ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့က ဟော့ပေါ့ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Moe Yu San

မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး သားလေးကို ၂၀၁၇ခုနှစ် သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူဆိုပြီး ပေးထားတဲ့ သားလေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလည်း ဖြစ်ပါတယ်။ မိုးယုစံနဲ့ ခင်ပွန်းဖြစ်သူ ကိုစွမ်းမိုးသူ တို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က