နေရာ(၃) နေရာမှာ အလှူအတန်းတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

နီနီခင်ဇော်ကတော့ သူမရဲ့ မွေးနေ့ အလှူအဖြစ် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ၊ နွမ်းပါးအိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများ၊ ငလိုက်စခန်းသာ ဆင်စခန်းတို့မှာ မွေးနေ့ အလှူလေးတွေ လုပ်ခဲ့ပါတယ်။

Photo: Ni Ni Khin Zaw



နီနီခင်ဇော်ဟာ သူမနဲ့ သူမကို ချစ်တဲ့ သူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီး မွေးနေ့ အလှူလေးတွေ လုပ်ခဲ့တဲ့ ပီတိတွေကို အခုလို ပြောပြလာပါတယ်။ 

" 29th Birthday Donation ! နီနီနဲ့ နီနီ့သူငယ်ချင်းမောင်နှမတွေ Ninians တွေ မွေးနေ့ လှူဒါန်းခြင်း အမှတ်တရ ။ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ မှာ ၁၀ သိန်း ၊ နွမ်းပါး အိမ်ထောင်စု အစု (၅၀) စာ ပစ္စည်းများ ၊ ငလိုက်စခန်းသာဆင်စခန်းတွင် ဆင်စာ ဘူဖေး၊ အစရှိသဖြင့် လှူဒါန်းခဲ့ပါတယ်" ဆိုပြီးတော့ စက်တင်ဘာလ (၁) ရက်နေ့ ညနေ (၅) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Ni Ni Khin Zaw

နီနီခင်ဇော်ဟာ သြဂုတ်လ(၃၁) ရက်နေ့က အသက်(၂၉) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ မွေးနေ့ အမှတ်တရလေးအဖြစ် "HOPE" ဆိုတဲ့သီချင်းလေးကို သူမရဲ့ Ni Ni Khin Zaw Youtube Channel မှာ ပရိသတ်တွေနားထောင်လို့ရအောင် မိတ်ဆက်ပေးထားတယ်လို့သိရပါတယ်။ ဒီသီချင်းဟာ နီနီခင်ဇော်အတွက် ဘဝဖြတ်သန်းမှုတွေအကြောင်းကို ထည့်သွင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြောပြခဲ့ဖူးပါတယ်။ 

Photo: Ni Ni Khin Zaw

နီနီခင်ဇော်ဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ(၁၃) ရက်နေ့မှာတော့ ဂီတသက်တမ်း (၁၂) နှစ်ပြည့်ခဲ့ပါပြီ။ သူမကတော့ Melody World 2008 ခုနှစ် သီချင်းဆို ပြိုင်ပွဲကနေ တဆင့် မြန်မာပြည်ရဲ့ဂီတလောကတွင် ထင်ရှားလာပြီး နိုင်ငံတကာထိ ထင်ရှားကျော်ကြားသော ဂီတပညာရှင် တစ်ဦးအဖြစ် Best in Music ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကိုလည်း နီနီခင်ဇော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ ဂီတနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ ရရှိထားတဲ့ ဆုတွေနဲ့ ပြည်ပက ချီးမြှင့်ထားတဲ့ ဆုတွေ အပါအဝင် ဆု စုစုပေါင်း (၁၃) ဆု ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က