သူကြုံတွေ့ခဲ့တဲ့ အရာကို အခုလို ပြောပြလာပါတယ်။
Sabal Thwin

ယုန်လေးဟာ Club တွေသွားရင် သုံးတဲ့ ငွေကြေးတွေက သူများတွေအတွက် ဘဝတစ်ခုလောက် အရေးပါတယ်ဆိုတာကို သိလိုက်ရပြီလို့ဆိုပါတယ်။ 

Photo: Yone Lay

ယုန်လေးဟာ အမှန်တကယ် ဒုက္ခရောက်နေသူတွေ ကို အမြဲတမ်း ကူညီဖေးမတတ်တဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း မိသားစုတစ်စုလုံးအတွက် အလုပ်ကြိုးစားရင်း က ပေါင်မှာ သွေးခဲသွားလို့ (၆) လ အလုပ်နားရမယ့် မိန်းကလေးရဲ့ မိသားစုအတွက် အကူအညီ သွားပေးခဲ့ရာမှာ သင်ခန်းစာ ယူတတ်ခဲ့တာတွေရှိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ တောင်ဒဂုံက ညီမလေးဆီ ကို ကျွန်တော် သွားတဲ့အချိန်မှာလည်း စိတ်ဓာတ်ခွန်အားပဲ မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ အဲဒီမှာ ကလေး (၃) ယောက် မိဘမဲ့ဆိုတော့ အစ်ကိုတို့လဲ မိဘမဲ့ပဲ ဆိုပြီးတော့ ve ve အချိုရည်တွေ၊ rocker အချိုရည်လေးတွေ ပေးခဲ့တယ်။ ညီမလေးကိုလည်း ပိုက်ဆံ (၇၁၀၀၀၀) လှူခဲ့တော့ ညီမလေး တော်တော် ပျော်သွားတယ်။ ၄ လ၊ ၅ လလောက် သူ အိမ်မှာ ထိုင်နေလို့ရသွားပါပြီ။ ကျွန်တော်တို့အတွက် ဒီငွေက ကလပ်သွားရင် တစ်ရက်၊ နှစ်ရက်တည်းနဲ့ ကုန်မှာဆိုပေမယ့် သူများတွေ အတွက်က ဘဝဖြစ်နေတော့ ဒီအချိန်လေးမှာ ကျွန်တော်လည်း သင်ခန်းစာ ယူတတ်သွားပါပြီ" လို့ မေလ(၁၁) ရက်နေ့က လူကြမ်း သရုပ်ဆောင် ရန်လေး ရဲ့ ရက်လည်ကို တက်ရောက်ရင်း ပြောပြခဲ့တာပါ။ 

Photo: Yone Lay

ယုန်လေးဟာ COVID-19 ကာလမှာ တတ်နိုင်တဲ့ ဘက်ကနေ မကြာခဏ အလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။ အနုပညာအလုပ်တွေလည်း ရပ်နားထားရတာဖြစ်လို့ အများအပြား မလှူနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။ 

“ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တုန်းကတော့ မြင့်မြတ် နဲ့ ယုန်လေး နှစ်ယောက်ပေါင်း လှူရင်(၁၀) သိန်း ဆိုတာမျိုးတွေ လှူနိုင်တယ်။ နောက်ပိုင်းကျတော့ ကိုယ်လည်း (၃) သိန်း၊ (၂)သိန်း၊ (၁) သိန်းဆိုတာမျိုးတွေ ဖြစ်လာရော။ ဝင်ငွေက မရှိဘူးလေ။ ပြီးတော့ ကျွန်တော့်ကို လှူဖို့ဆိုပြီး ၅ သောင်း၊ ၆ သောင်း စာရင်း လာပေးကြတဲ့ သူတွေလည်းရှိတယ်။ ထိုင်းနိုင်ငံက မော်ဒယ်လေး ကွိုက် ကလည်း (၁၇)သိန်း လှူဒါန်းထားတယ်။ မရို့စ် ဆိုတဲ့ အစ်မ တစ်ယောက်ကလည်း (၅) သိန်း ကြိုက်တဲ့နေရာ လှူလို့ရတယ် ဆိုပြီးတော့ပေးထားတယ်။ ကျွန်တော် မလှူနိုင်တဲ့နေရာတွေလည်း ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။ 

Photo: Yone Lay

ယုန်လေးဟာ ဧပြီလ တုန်းကလည်း ရန်ကုန်ဆေးရုံကြီးနဲ့ ဘိုကလေး ဆေးရုံကြီးတွေမှာ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက်  COVID-19 ကာလမှာ စားဝတ်နေရေး ခက်ခဲမှုရှိနေတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ နဲ့ တောင်ဒဂုံ က မိသားစုတွေ ဆီကိုလည်း စားနပ်ရိက္ခာတွေ ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ပါသေးတယ်။ ယုန်လေးဟာ လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတာဖြစ်ပါတယ်။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က