အောင်ရေချမ်းက တိရစ္ဆာန်ဥယျာဉ်မှာလည်း အလှူလုပ်ခဲ့ပါသေးတယ်။

အောင်ရေချမ်းကတော့ သူ့ရဲ့ မွေးနေ့ အလှူကို တိက္ခာရာမ သီလရှင်စာသင်တိုက် နှင့် သီလရှင် ပညာရေးကျောင်းနဲ့ တိရစ္ဆာန်ဥယျာဉ်မှာ ကုသိုလ်ပြုခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီနေ့ ဇူလိုင် (၇) ရက် ကတော့ သရုပ်ဆောင် အောင်ရေချမ်းရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့အလှူကို တိက္ခာရာမ သီလရှင်စာသင်တိုက် နှင့် သီလရှင် ပညာရေးကျောင်း မှာ ပြုလုပ်ခဲ့ပြီး အလှူအတန်း နည်းတဲ့ နေရာကို အဓိကထားပြီး လှူဖြစ်တယ်လို့ Duwun ကနေ ပြောလာပါတယ်။  



“ ဒီမွေးနေ့ပွဲလေးကို Covid မဖြစ်ခင်ကတည်းက ကြိုတင်စီစဉ်ထားပြီးသားပါ။ မွေးနေ့ပွဲမှာ ပရိသတ်တွေရော၊ ချစ်ရတဲ့ အနုပညာသူငယ်ချင်းတွေရော ကုသိုလ်ရစေချင်တဲ့ စိတ်နဲ့ ဒီအလှူလေး လုပ်ဖြစ်တာပါ။ အဓိက ကတော့ အလှူနည်းတဲ့ဟာလေးရယ်၊ မိဘမဲ့များတဲ့ဟာလေးရယ်ကို ထိထိရောက်ရောက် လှူချင်တဲ့ ဆန္ဒပါ” ဆိုပြီးတော့ ဇူလိုင် ၇ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှာလည်း အောင်ရေချမ်းက အလှူလုပ်ဖြစ်ခဲ့ပါသေးတယ်။ တိရစ္ဆာန်လေးတွေရဲ့ အစာအတွက် ကိုယ်တိုင် ဝယ်ပြီး ကိုယ်တိုင် လှူခဲ့တာပါလို့ သူက ဆိုပါတယ်။  

“တိရစ္ဆာန်ဥယျာဉ်မှာ လှူတယ်ဆိုတာကလည်း ကျွန်တော်က တိရစ္ဆာန်လေးတွေကို အရမ်းချစ်တယ်။ အခုချိန်မှာ Covid ကာလကြောင့် လူတွေကလည်း မသွားမလာကြတော့ သူတို့အတွက် အစားအသောက် အခက်အခဲလေးတွေရှိတယ်။ ဒါကြောင့် အဲဒီမှာ လှူဖို့ ဆက်သွယ်လိုက်တဲ့အခါ လာလှူလို့ရတယ်ဆိုတော့ မနက်အစောကြီး သီရိမင်္ဂလာဈေးမှာ သူတို့ စားမယ့် အသီးအနှံတွေကို သွားဝယ်ပြီး ကိုယ်တိုင် သွားလှူဖြစ်ပါတယ်။ ဒါကလည်း ကုသိုလ်တစ်ခုပါပဲ” လို့ ဆိုပါတယ်။ 

အောင်ရေချမ်းကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ ဇာတ်လမ်းတွဲ မင်းသားလေးတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရတာပါ။ လက်ရှိမှာလည်း သူဟာ စီနီယာ အနုပညာရှင်တွေနဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က