မနေ့ကတောင် ရယ်မောနေသေးတာ။

ခင်သဇင်ကတော့ အလှူရှင်တွေထပ်ရလို့ ဝမ်းသာနေတဲ့ကြားက ကွယ်လွန်သွားခဲ့ရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်အကြောင်းတွေပြောရင်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo: Khin Thazin



သရုပ်ဆောင် ခင်သဇင်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် အကြောင်းတွေ ပြောရင်း ကြေကွဲဝမ်းနည်းနေတာ တွေ့ရပါတယ်။ သူမဟာ ကစ်ကစ်ရဲ့ ကျန်းမာရေးအတွက် အစစအရာရာ အနီးကပ်ပြုစု စောင့်ရှောက်ပေးနေသူ တစ်ယောက်ပါ။

“မထင်မှတ်ထားပဲ ထွက်သွားတာပါ။ သူကိုယ်တိုင်လည်း ထင်မှတ်မထားသေးဘူး။ ဒီမနက် မနွယ်ကို ရယ်ပြတယ်၊ စကားတွေ ပြောနေသေးတယ်။ အလှူရှင်တွေ ထပ်ရလို့ ဝမ်းသာနေတယ်၊ မနေ့ကရော ဒီနေ့ရော အစားတွေ အများကြီး စားတယ်တဲ့။ နေကောင်းရင် ဘုရားဖူးတွေ သွားဖို့ ပြောခဲ့သေးတယ်တဲ့။ ဘာမှ ပူစရာ မလိုတော့လို့ သူဝမ်းသာနေခဲ့တာ အလှူရှင်တွေကိုလည်း ကျေးဇူးတွေ တင်နေခဲ့တာ ဘာလို့ ထပ်ပြီးတောင် မစောင့်ရတာလဲ အမရယ်။ မ ရဲ့ မေမေ ညီမလေး စီစဉ်နေတာ အားလုံး ပြည့်စုံနေပါပြီ။ မ ဘာလို့ အစောကြီး ထွက်သွားတာလဲ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အခုလည်း ဟာသသရုပ်ဆောင် ကစ်ကစ်ကတော့ ဆေးရုံတက်ရလိုက်၊ နည်းနည်းနေကောင်းသွား လို့ပြန်ဆင်းရလိုက်နဲ့ ခဏခဏ ဆိုသလိုပါပဲ။ လက်ရှိမှာလည်း ဆေးရုံထပ်တက်နေရပြန်ပြီလို့ ခင်သဇင်က ပြောပြခဲ့ပါသေးတယ်။

“ဒီတာဝန်ကိုလည်း ကိုယ့်ကို ဘယ်သူမှ ပေးမထားပဲ ကိုယ်ချင်းစာနာ စိတ်နဲ့ အစွမ်းကုန် တာဝန် ယူခဲ့ပါတယ်။ အခု ဒီ မနက် ဆေးရုံ ထပ်တက်ရပြန်ပြီတဲ့။ လက်ထဲ ငွေ တစ်ကျပ်တောင် မကျန်တော့တဲ့ သူက ဘယ်လိုများ ဆေးရုံတက်ဦးမှာပါလိမ့်။ ကိုယ်ပဲ ဆေးရုံပြေးရပါဦးမယ်။စည်းစိမ်ပြုတ်တဲ့ ရောဂါဆိုတာ တကယ်များ မှန်နေပြီလား။ ဒီတစ်ခေါက်တော့ ရှေ့မျက်နှာ နောက်ထားပြီး အားနာနာနဲ့ အလှူထပ်ခံရဦးမယ် ထင်ပါတယ် လေ" လို့ သူကဆိုပါတယ်။

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။ခင်သဇင်က ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ရှောက်ပေးပြီး တာဝန်ယူပေးခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၄၀ မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က