သားက အမေကို အရမ်းချစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။

မေသန်းနုကတော့ သားဖြစ်သူ မင်းသန့်မောင်မောင်တစ်ယောက် သာသနာ့ဘောင်ထဲ မဝင်ခင်က ပြောခဲ့တဲ့ စကားလေးတွေကို ပြန်လည် ပြောပြလာပါတယ်။ 

သရုပ်ဆောင် မေသန်းနုရဲ့ သား မင်းသန့်မောင်မောင်ကတော့ အခုဆိုရင် သာသနာ့ဘောင်ထဲ ဝင်ရောက်နေတာ တွေ့ရပါတယ်။ သားဖြစ်သူ သာသနာ့ဘောင်ထဲ ဝင်တဲ့ အချိန်မှာ အနားမှ ရှိပေးနိုင်တာကြောင့်လည်း ဝမ်းသာပီတိဖြစ်ရတယ်လို့ မေသန်းနုက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ သား အတွက် အရမ်းကို ပီတိဖြစ်ရပါတယ်။ သူက ရဟန်းမဝတ်ခင်မှာ ဘာကြောင့် ဝတ်ရတယ် ဆိုတာကို ပြောတယ်။ သူက အဖေ၊ အမေကို ကျေးဇူးဆပ်ချင်လို့ ဆိုပြီးတော့ သူကပြောတယ်။ သူ့ရဲ့ စကားလေးက ဟတ်ထိတာပေါ့နော်။ ဒါတွေက သူ့ရဲ့ သိတတ်လိမ္မာမှုပါပဲ။ မဆင့်တို့ သင်ပေးစရာမလိုပဲနဲ့ သူ့ရဲ့ စိတ်မှာ အလိုလို ဖြစ်လာတဲ့ စကားလေးပါ။ အခုလို သားလိမ္မာလေးရထားတဲ့ အတွက် ဝမ်းလည်းသာတယ်၊ ဂုဏ်လည်းယူတယ်” ဆိုပြီးတော့ သြဂုတ်လ(၁၆)ရက်နေ့က မင်းသန့်မောင်မောင်ရဲ့ ရှင်ပြုအလှူမှာ ဖြေဆိုခဲ့တာပါ။ 

မင်းသန့်မောင်မောင်ဟာ အမေကို ချစ်တဲ့ သားတစ်ယောက်ပါလို့ မေသန်းနုက ပြောပြလာပါတယ်။ အမေနဲ့ စိတ်ချင်းတူတဲ့ သားတစ်ယောက်ပါလို့လည်း သူက ဆိုပါတယ်။ 

“ သားက မဆင့်နဲ့ဆိုရင် အရမ်းကပ်တယ်၊ ချွဲတယ်၊ သူနဲ့ မဆင့်နဲ့ကလည်း Type တူတယ်။ တစ်ခုခု ခံစားရရင် ရင်ထဲမှာပဲ ထားတာများတယ်။ တော်ရုံတန်ရုံလဲ မပြောဘူး၊ ညီအစ်ကို၊ မောင်နှမ မွေးချင်းမရှိတော့လည်း ပိုဆိုးတာပေ့ါနော်။ အမေ့အရှေ့ရောက်ရင် သူက ကောင်းသော စကားပဲပြောတယ်။ အရမ်းလည်း မြိုသိပ်တတ်တယ်။ မဆင့်ဆိုရင်လည်း တစ်ခုခု ပြောစရာရှိရင် မိဘတွေကို မပြောဘူး၊ မောင်နှမတွေကိုပဲ ပြောတာများတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

သရုပ်ဆောင် မေသန်းနု(May Than Nu)ဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများနဲ့ ရပ်တည်နိုင်ခဲ့ပြီး အခုချိန်ထိလည်း ပရီသတ်အားပေးမှုရနေတဲ့ သရုပ်ဆောင်တစ်ဦးပါ။ မေသန်းနုကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၂ ခုနှစ်မှာ “မူပိုင်ချစ်သူ”၊ ၁၉၉၅ ခုနှစ်မှာ ”ပုဂံမှာသာတဲ့လ”၊ ၁၉၉၆ ခုနှစ်မှာ “အလင်းဖျော့ကောင်းကင်”၊ ၂၀၀၁ ခုနှစ်မှာ ”ချစ်ခြင်း၏အခြားမဲ့၌" ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုများ ရရှိခဲ့သလို ၂၀၀၂ ခုနှစ်မှာလည်း "ငါသူတစ်ပါးယောကျ်ားမိန်းမ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က