သား နှစ်ယောက်ရှိပါတယ်တဲ့။

လူကြမ်း သရုပ်ဆောင် ဇာတ်ကားရိုက်ကူးရေးတွေ ပါးနေတဲ့အချိန်မှာ စားဝတ်နေရေး အခက်အခဲတွေရှိခဲ့တယ်လို့ဆိုပါတယ်။ မိဘတွေရဲ့ အခက်အခဲကို နားလည်ပေးပြီး ပညာရေးမှာ အောင်မြင်အောင်ကြိုးစားနိုင်ခဲ့တဲ့ သားအတွက်လည်း ဂုဏ်ယူတယ်လို့ ပြောပါတယ်။

လူကြမ်းသရုပ်ဆောင် ဟန်မြင့် ရဲ့ သား နှစ်ယောက်စလုံးကတော့ ပညာတက်ကျောင်းသားလေးတွေ ဖြစ်ပါတယ်။ အကြီးဆုံးကတော့ အင်ဂျင်နီယာကျောင်းကို တက်ရောက်နေတာဖြစ်ပြီး သားငယ်လေးကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက် ဖခင်တစ်ယောက်ရဲ့ ရင်ထဲက စကားတွေကို Duwun Media ကနေ ပြောပြလာခဲ့ပါတယ်။



‘’အလုပ်အကိုင်တွေက ရှားပါးနေတဲ့ အချိန်ရယ်၊ ကိုယ့်သားသမီးကိုလည်း ဖြစ်ထွန်းစေချင်တဲ့ ဆန္ဒရယ်၊ အဲဒါတွေပေါင်းပြီးတော့ ကိုယ့်သားသမီးကို မဖြစ်ဖြစ်အောင်ထားမယ် ဆိုတဲ့စိတ်နဲ့ကျောင်းထားပေးခဲ့ပါတယ်။ အခက်အခဲတွေကတော့ ပြောပြရရင် အများကြီးပါပဲ။ သားကတော့ သူ့အစ်ကိုလို အင်ဂျင်နီယာဖြစ်ချင်တာ အမှတ်က မမှီဘူး။ အခုတော့ စီးပွားရေးလိုင်းကို လျှောက်ထားတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ကိုဟန်မြင့်ရဲ့ ဇနီးဖြစ်သူ မစန်းစန်းဝေကလည်း သားလေးတွေကို ပညာတက်ကြီးဖြစ်အောင် ကျောင်းထားပေးနိုင်ခဲ့လို့ ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။

‘’ မကြီးကတော့ အားလုံး ကူညီထောက်ပံ့တဲ့အတွက် ကျေးဇူးတင်တယ်။ ရုန်းကန်ရတာလည်း အရမ်းပင်ပန်းတယ်။ ဒီသားတွေ အခုလို ဖြစ်ဖို့ အရေးကိုလေ။ အမျိုးသားကလည်း အလုပ်အကိုင်က ပါးတယ်။ ဈေးရောင်းရတာ တစ်နေ့ထက် တစ်နေ့ မနားရဘူး။ ကလေးတွေ ပညာရေးအတွက်ကို အရမ်းကြိုးစားရတယ် အခုချိန်ထိပဲ’’ လို့ စက်တင်ဘာလ ၁ ရက်နေ့က အနုပညာလောကသားများရဲ့ သားသမီးတွေထဲကမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့သူတွေကို ဆုချီးမြင့်တဲ့ အခမ်းအနားမှာ ဖြေဆိုခဲ့တာပါ။

pHOTO: Han Myint

ရုပ်ရှင်နဲ့ ဗီဒီယို လူကြမ်းသရုပ်ဆောင် ကိုအံ့မင်း နဲ့ မစမ်းစမ်းဝေ တို့ရဲ့ သားဖြစ်သူ မောင်ဇော်နိုင်ထွန်းကတော့ ၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၂ ဘာသာနဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။

‘’ သားလေး ၁၀ တန်းနှစ်မှာ အလုပ်အကိုင်တွေကလည်း ပါးသွားခဲ့တယ်။ အပြင်စီးပွားရေးကလည်း မလုပ်တတ်တော့ ကလေးတွေ ပညာရေးဘက်ကို အပြည့်အစုံ မထောက်ပံ့နိုင်ခဲ့ဘူး။ အဲဒီကြားထဲကမှ ဂုဏ်ထူးထွက်အောင် စာကြိုးစားပေးခဲ့တဲ့ သားလေးကို ကျေးဇူးတင်ပါတယ်။ ကိုယ်တွေရဲ့ ပံ့ပိုးမှုလေးကိုလည်း အခုလို အရာထင်သွားတဲ့အတွက် ပီတိဖြစ်မိပါတယ်’’ လို့ လူကြမ်းသရုပ်ဆောင် ကိုအံ့မင်းက ပြောခဲ့ပါတယ်။

လူကြမ်းသရုပ်ဆောင် ဟန်မြင့်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် လူကြမ်းသရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိကြမှာပါ။ ကိုယ်သရုပ်ဆောင်ရတဲ့အလုပ်က ရတဲ့ ငွေကြေးလေးနဲ့ မိသားစုဝင်တွေရဲ့ အခက်အခဲကို ဇနီးဖြစ်သူနဲ့ အတူတူ ဖြည့်ဆည်းခဲ့ရသူပါ။ အခုလည်း ပညာရေးမှာ ထူးချွန်တဲ့ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က